ကျောင်းထိုင်ဆရာတော်တစ်ပါး ကြိုးဆွဲချသေဆုံး


တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုံး ကျေးရွာအုပ်စု၊ မမသောင်အရှေ့ကျေးရွာ၊ ရေပူစမ်းဘုန်းကြီးကျောင်းတွင် (၁၉.၅.၂၀၁၅)ရက်နေ့ နံနက်(၀၆၀၀)အချိန်တွင် ရေပူစမ်းကျောင်းထိုင်ဆရာတော် ကြိုးဆွဲချသေဆုံး သေဆုံးနေကြောင်း သစ်ထူးလွင်မှ သတင်းရရှိပါသည်။

၎င်းကျောင်းတွင် သီတင်းသုံးနေထိုင်သော ကျောင်းထိုင်ဆရာတော် ဦးသုန္ဒရ (ခ) ဦးသန်းဌေး သက်တော် (၅၄)နှစ်၊ ၀ါတော်(၂၁)နှစ်သည် ကျောင်းဝင်းအတွင်း ဆွမ်းစားဆောင်ရှေ့ အမြင့်ပေ(၂၀)ပေခန့်ရှိသော ရာဘာပင်တွင် ငါးမူးလုံးခန့်ရှိ အဖြူရောင်နိုင်လွန်ကြိုးဖြင့် ကြိုးဆွဲချ သေဆုံးလျှက်ရှိကြောင်း တွေ့ရှိရပါသည်။

အဆိုပါ ဘုန်းကြီးသည် လွန်ခဲ့သော (၁၀)နှစ်ခန့်မှစ၍ ဆီးချိုသွေးချိုရောဂါဖြစ်ပွားနေပြီး ၄င်းရောဂါ ဖြင့် စိတ်ဓါတ်ကျဆင်းကာ စိတ်ဂယောင်ချောက်ခြား ဖြစ်ပွားနေကြောင်း သိရှိရပြီး အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တနင်္သာရီမြို့မရဲစခန်းမှူး ရဲအုပ်မောင်မောင်မှ သေမှုသေခင်း ဖွင့်လှစ်၍ စုံစမ်းစစ်ဆေးလျှက်ရှိ ကြောင်း သိရှိရပါသည်။

သစ်ထူးလွင်

မှတ်ချက်များ