တရုတ်တွင် ကလေးတစ်ဦး ထရန်စဖော်မာကို သေးပန်းရာမှ ဓာတ်လိုက်ပြီး မီးလောင်ဒဏ်ရာပြင်းပြင်းထန်ထန်ရ


တရုတ်နိုင်ငံ ဆန်းရှီပြည်နယ် ၏ မြို့တော် ရှီအန်တွင် ယောက်ျား လေးတစ်ဦး ဓာတ်လိုက်ကြောင်းသိ ရသည်။

အသက် ခုနစ်နှစ်ရှိ ဖန်ဟော် ဟော်သည် ဘတ်စ်ကားမှတ်တိုင် တစ်ခုတွင် သူ၏မိဘများကို စောင့် နေစဉ် အနီးရှိ ထရန်စဖော်မာရုံအ တွင်းဝင်၍နားရာမှ ထရန်စဖော် မာကိုသေးပန်းရာ ဓာတ်လိုက်သွား သည်ဟု ဖန်၏ဖခင်က My Paper သို့ပြောပြသည်။

ထိုထရန်စဖော်မာ သည် ဗို့အား ၁ဝဝဝဝ ရှိ လျှပ် စစ်ဓာတ်အားပေးရုံခွဲ၏ ထရန်စ ဖော်မာဖြစ်သည်။

ထရန်စဖော်မာရုံမှ ချိုးချိုး ချွတ်ချွတ်အသံကြား၍ ဖန်၏ဖခင် က သွားကြည့်ရာ ထရန်စဖော်မာရုံ ထဲတွင် ဖန်လဲနေသည်ကို တွေ့ရ သည်ဟု ဆိုသည်။ ကလေးမှာ ဆံပင်များအပါအဝင် ကိုယ်လုံးတစ် ဝက်နီးပါး မီးလောင်သွားကြောင်း သိရသည်။

ဖန်ကို ဆေးရုံသို့ အဆောတ လျင် တင်ပို့လိုက်ရသည်။

ကလေး၏ ကိုယ်တစ်ဝက်နီး ပါး မီးလောင်ကြောင်း၊ ခေါင်းတွင် ဆံပင်များကို မီးလောင်သွားရာ ဦး ရေကိုပင် မြင်တွေ့ရကြောင်း ဆရာ ဝန်တစ်ဦးက ဆိုသည်။

Democracytoday‬

မှတ်ချက်များ