ဖြစ်စဉ်မှာ မေ ၅ ရက် နံနက်၅ နာရီ ၁၅ မိနစ်ခန့်က ယာဉ်မောင်း ညီညီလွင် (ခေါ်)အိုက်စံ သရက်တောရပ်ကွက် အောင်လံမြို့နေသူမောင်းနှင်လာသည့် မော်တော်ယာဉ်အမှတ် ( 4F /--- ) NISSAN ကောင်တာခေါင်းပြာ၊ လိမ္မော် ရောင်အစင်းကြား (၁၂ ဘီးကား)၊ နောက်ခန်းတွင် ယာဉ်နောက်လိုက် ကျော်ကျော်ဝင်း ကျောင်းစုရပ်ကွက်(အောင်လံမြို့) နေသူလိုက်ပါလာပြီး တောင်တွင်းကြီးမြို့နယ်ဘက်မှ မြို့သစ် မြို့နယ်ဘက်သို့ မောင်းနှင်လာစဉ် တောင်တွင်း-မြို့သစ် ကားလမ်း မိုင်တိုင်အမှတ် ( ၁၃/၁ နှင့် ၁၃/၂) အကြား အောင်စေတံတားအရောက်တွင် အရှိန်မထိန်းနိုင်ဘဲလမ်းဘေးသို့ ထိုးကျသွားခဲ့သဖြင့်ယာဉ်မောင်း ညီညီလွင်(ခေါ်) အိုက်စံနှင့် ကျော်ကျော်ဝင်းတို့တွင် ဒဏ်ရာများရရှိသဖြင့် ၄င်းတို့ နှစ်ဦးအား ရဲဆေးစာဖြင့် မြို့သစ်ဆေးရုံသို့ ပို့အပ် စဉ် ညီညီလွင် (ခေါ်)အိုက်စံမှာ ရရှိဒဏ်ရာဖြင့် နံနက် ၆ နာရီခွဲခန့်က မြို့သစ်ဆေးရုံတွင် သေဆုံးသွားခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း သေဆုံးသွားသူ ညီညီလွင်(ခေါ်)အိုက်စံအပေါ် ဥပဒေအရ အရေးယူပေးပါရန် တာဝန်မှူးရဲအုပ် ညီညီလွင်က တရားလိုပြုလုပ်တိုင်တန်းသဖြင့် မြို့မ ရဲစခန်းမှ အမှုရေးဖွင့်ဆောင်ရွက်ခဲ့ပြီး အမှုစစ်ဒုရဲအုပ်ညွန့်ဝင်းက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းဝင်းထွန်း(မြို့သစ်) - Myanmaalinn
.jpg)
မှတ်ချက်များ