စစ် တောင်းမြစ်အတွင်း ရေချိုးရင်းဒိုင်ဗင်ထိုးချသူ ငုတ်နှင့်ဆောင့်မိ၍ သေဆုံး


မေ ၃ ရက် နံနက် ၁ဝ နာရီခန့်က တောင်ငူမြို့နယ်၊ အနောက်ဆင်ရွာ ကျေးရွာအုပ်စု၊ ဆင်ရွာအနီးရှိ စစ် တောင်းမြစ်အတွင်း၌ လူငယ်တစ်ဦး ရေချိုးရာက သေဆုံးသွားကြောင်း သတင်းအရ ကေတုမတီ မြို့သစ်နယ် မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် အောင် သန်းထွန်းနှင့်အဖွဲ့က သွားရောက် စစ်ဆေးခဲ့သည်။

တောင်ငူမြို့နယ် ကျွန်းကုန်း ကျေးရွာနေ ဝေဖြိုးအောင် (၁ဝ နှစ်)သည် အနောက်ဆင်ရွာအုပ်စု ဆင်ရွာသို့ အလည်သွားရင်း ယင်း ကျေးရွာနေ မောင်ကျော် (၁ဝနှစ်)၊ ပြည်စိုးအောင်(၁၂ နှစ်) ဆင်ရွာ နေသူတို့နှင့်အတူ ရေဆင်းချိုးကြရင်း မောင်ဝေဖြိုးအောင်က ကမ်းပါးပေါ် ကနေ စစ်တောင်းမြစ်အတွင်း ဒိုင်ဗင် ထိုးချခဲ့ရာ ရေအောက်ရှိ သစ်ငုတ် နှင့် ဝဲဘက်မျက်လုံးအား ဆောင့် မိပြီး သေဆုံးသွားကြောင်း သိရ၍ ကေတုမတီမြို့သစ်နယ်မြေရဲစခန်းက အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကိုလွင်(ဆွာ) - Myanmaalinn

မှတ်ချက်များ