ကမ္ဘာပေါ်က ပထမဆုံးဂျင်အရက်လို့ ခေါ်ရမယ့် အန်တီဂျင်ဆိုတဲ့ အရက်ဟာ သစ်တောထဲမှာ ရှိတဲ့ အနီရောင် ပုရွက်ဆိတ်တွေနဲ့ ထုတ်လုပ်ထားလို့ဆိုရင် သင့်အတွက် အံ့သြစရာ ဖြစ်နေနိုင်ပါတယ်။ Anty
Gin ဆိုတဲ့ ဒီအရက်ကို ဗြိတိန်က အရက်ချက်ကျွမ်းကျင်သူ ၀ယ်လိုဝီဆိုသူက စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပြီး သဘာဝ အလျောက် ရှင်သန်နေတဲ့ အင်းဆက်တွေနဲ့ ထုတ်လုပ်ထားလို့
ဈေးသက်သာမယ်ထင်ရင်တော့ မှားပါလိမ့်မယ်။
၇၀ စင်တီလီတာ တစ်ပုလင်းကို ပေါင် ၂၀၀ ( ကန်ဒေါ်လာ ၃၁၃) လောက် ကျသင့်မှာ ဖြစ်ပြီး တစ်ပုလင်းစီမှာ ပုရွက်ဆိတ်အကောင်နီ ၆၂ ကောင်ရဲ့အဆီအနှစ်တွေ ပါရှိပါတယ်။ ဒီအရက်ကို ဖန်တီးခဲ့တဲ့လိုဝီကတော့ သူတို့ အနေနဲ့ ကိုပင်ဟေဂင်က ကုမ္ပဏီတစ်ခုရဲ့အင်းဆက်တွေကို အစားအစာအဖြစ် စားလို့ရတယ်ဆိုတဲ့ နည်းပညာ ကို အခြေခံပြီး ခုလို ထုတ်လုပ်ခဲ့တာလို့ ရှင်းပြခဲ့ပါတယ်။
အင်းဆက်တွေဟာ သူတို့ရဲ့တမူထူးခြားတဲ့ အရသာကြောင့် ဟင်းချက်တဲ့နေရာမှာ အသုံးဝင်လာပြီး တချို့သော အနောက်နိုင်ငံက စားသောက်ဆိုင်တွေဆိုရင် အင်းဆက်တွေကို ဟင်းလျာအဖြစ်နဲ့တောင်
ရောင်းချနေတယ်လို့ လိုဝီကပဲ ရှင်းပြခဲ့ပါတယ်။
ပုရွက်ဆိတ်နဲ့ ထုတ်လုပ်တဲ့ ပထမဆုံးဂျင်အရက်ကို ရရှိဖို့အတွက် လိုဝီဟာ ပုရွက်ဆိတ်အကောင်ပေါင်း ၆၀၀၀ ကို စတင်စုစည်းခဲ့ပြီး သူတို့တွေကို အတော်လေးပြင်းတဲ့ အီသနောအရည်ထဲမှာစိမ်ခဲ့ပါတယ်။ အဲဒီ
နောက် ပုရွက်ဆိတ်ရဲ့အဆီပါရှိတဲ့ အရည်ကို အရက်အဖြစ် ထုတ်လုပ်ပြီး သဲမြေပေါ်မှာ အလေ့ကျပေါက်တဲ့ ရွက်စိမ်းပင်အပြင် တခြားအရွက်တွေ၊ အစေ့တွေအပြင် တောထဲက ရရှိတဲ့တခြားသစ်ဥသစ်ဖုတွေ ကို
ပေါင်းစပ်ပြီး ဒီဂျင်အရက်ကို ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။
လိုဝီကတော့ သူ့ရဲ့ဂျင်အရက်ဟာ လူတွေကို အံ့သြမှုပေးနိုင်မယ်လို့ ယုံကြည်ထားပြီး အင်းဆက်တွေကိုလည်း လူတွေရဲ့အစားအစာနဲ့ အရသာပိုင်းမှာ အသုံးချနိုင်တယ်ဆိုတာ သိစေချင်တယ်လို့ပြောကြားခဲ့ပါတယ်။
Planet Myanmar
လိုဝီကတော့ သူ့ရဲ့ဂျင်အရက်ဟာ လူတွေကို အံ့သြမှုပေးနိုင်မယ်လို့ ယုံကြည်ထားပြီး အင်းဆက်တွေကိုလည်း လူတွေရဲ့အစားအစာနဲ့ အရသာပိုင်းမှာ အသုံးချနိုင်တယ်ဆိုတာ သိစေချင်တယ်လို့ပြောကြားခဲ့ပါတယ်။
Planet Myanmar

မှတ်ချက်များ