လူတွေရဲ့အရှက်ကွဲမှုကို ပိုက်ဆံပေးကြည့်တဲ့ ကောင်လေး


ဂဏန်းနှစ်လုံးစာလောက် ချမ်းသာကြွယ်ဝတဲ့ ရုရှားမီလျံနာသူဌေးကြီး အိုင်ဂေါ်နီကလိုင်ဒေါ့ရဲ့မြေး ဂရီဂိုရီဟာ ဘိုးဖြစ်သူရဲ့ချမ်းသာကြွယ်ဝမှုတွေကို အဓိပ္ပာယ်မဲ့ကိစ္စတွေမှာ အသုံးပြုပြီး သာယာမှု ရှာနေသူတစ်ဦးလို့ ဆိုရမှာ ဖြစ်ပါတယ်။

အကြောင်းကတော့ ဂရီဂိုရီဟာ လမ်းတကာ လျှောက်သွားပြီး လမ်းမတွေတဲ့သူတွေကို လူလည်ခေါင်မှာ ကိုယ့် ကိုယ်ကိုယ် အရှက်ခွဲပြမယ်ဆိုရင် ငွေပေးမယ်လို့ ကမ်းလှမ်းတတ်လို့ ဖြစ်ပါတယ်။ အသက်
၁၆ နှစ်သာ ရှိသေးတဲ့ သူဟာ လမ်းမှာ တွေ့တဲ့သူတွေကို လူလည်ခေါင်မှာ အင်္ကျီချွတ်တာမျိုးနဲ့ ကိုယ်ရဲ့ဆီးကို အများရှေ့ မှာ သောက်ပြမယ်ဆိုရင် မက်မောလောက်တဲ့ငွေ ပေးမယ်လို့ ပြောတတ်သူ
ဖြစ်ပါတယ်။ ဒီလိုမျိုး သူခိုင်းတာကို လည်း ဗီဒီယိုဖိုင်နဲ့ အမြဲမှတ်တမ်းတင်တတ်ပြီး အများစုက သူ့ရဲ့ကမ်းလှမ်းမှုကို လက်မခံကြပေမယ့် တချို့ကတော့ မက်မောစရာ ငွေကြေးပမာဏကြောင့်
သဘောတူကြလေ့ရှိပါတယ်။

ဂရီဂိုရီဟာ သူ့ရဲ့ဇိမ်ခံကားကို မောင်းပြီး “ ပန်းခြံထဲမှာ ပိုက်ဆံထဲမှာ ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲမယ့်သူတွေ ရှိတယ်ဆိုတာ ကြည့်ရအောင်” လို့ ပြောပြီး တင်ထားတဲ့ ယူကျု့က ဗီဒီယိုဖိုင်ဟာ
ကြည့်ရှုသူပေါင်း တစ်သန်း ကျော်သွားခဲ့ပါတယ်။ အဲဒီဗီဒီယိုဖိုင်မှာ ဂရီဂိုရီက ပန်းခြံထဲက ဖြတ်သွားဖြတ်လာတွေကို ဆီးကို သောက်ပြမယ်ဆိုရင် ရုရှားငွေ ရူဘယ် ၁၀၀၀၀ ကနေ ၁၅၀၀၀ (ကန်ဒေါ်လာ၂၀၀ ကနေ ၃၀၀) အထိ ပေး မယ်လို့ ကမ်းလှမ်းပါတော့တယ်။

အများစုက ငြင်းပယ်ကြပေမယ့် နောက်ဆုံးမှာတော့ လူတစ်ယောက်က ဂရီဂိုရီရဲ့ဆီးကို သောက်ဖို့ သဘောတူခဲ့ပါတယ်။ ဒီလိုပဲအမျိုးသမီးတစ်ယောက်ဟာလည်း ပိုက်ဆံရဖို့အတွက် သူမရဲ့အတွင်းခံအ၀တ်အစားတွေကို လှစ်ဟပြခဲ့ပါတယ်။ ဂရီဂိုရီကတော့ သူ့ကိုယ်သူ နာမည်ကြီး ဒါရိုက်တာ စတီဗင်စပီးဘတ်လို ခံစားမိပြီးဒီကမ္ဘာလောကကြီးမှာ ငွေကြေးအတွက် ဘာမဆို လုပ်မယ့်သူတွေရှိနေတာ အထင်အရှားပဲလို့ ဖွင့်ဟခဲ့ပါတယ်။

ဂရီဂိုရီရဲ့ဗီဒီယိုဖိုင်ကို ကြည့်ခဲ့တဲ့ လူအချို့ကတော့ ဒီလိုလူမျိုးကို တက္ကသိုလ်ကျောင်းတက်ခွင့် မပေးသင့်သလို သူဟာ တပါးသူကို ရက်စက်ရမှ ကျေနပ်တဲ့ ရောဂါမျိုး ခံစားနေရတာမို့
စိတ်ရောဂါဆရာဝန်နဲ့ အမြန်ပြသင့်တယ် လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ဂရီဂိုရီဟာ သူရဲ့ထူးဆန်းတဲ့ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့တဲ့ အကြိမ်တွေမှာ ကမ်းလှမ်းခံရတဲ့ အမျိုးသားက စိတ်ဆိုးမာန်ဆိုးဖြစ်ပြီး
လက်သီးနဲ့ ပြန်ထိုးတာကိုလည်း ကြုံခဲ့ရပါတယ်။

Planet Myanmar

မှတ်ချက်များ