မိုးစက်ဝိုင်ရဲ့မွေးနေ့အလှူ.
အလှမယ် မိုးစက်ဝိုင်က မေလ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ မွေးနေ့ အထိမ်းအမှတ်အဖြစ် မနက်ပိုင်းမှာ မရမ်းကုန်းမြို့ နယ်ရှိ နန်းဦးမိဘမဲ့ ကလေးကျောင်းမှ ကလေးငယ် ၂၀ဦးကို ရွှေတိဂုံ ဘုရားကို ပို့ဆောင်ပေးခဲ့ပြီး ကုသိုလ်ပြုခဲ့ပါတယ်။
ထို့နောက် မိုးစက်ဝိုင်က ချမ်းမြေ့ဂုဏ်ဝေ သီလရှင် ပရိယတ္တိစာသင်တိုက်မှာ သံဃာများကို သင်္ကန်း များ၊ လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းခဲ့သလို သီလရှင် အပါး ၁၀၀ကျော်ကိုလဲ နေ့ဆွမ်း ဆက်ကပ်လှူ ဒါန်းခဲ့ပါတယ်။ ဒါ့အပြင် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်ထုပ်၊ စာရေးကိရိယာများနှင့် အချိုရည်များလည်း လှူ ဒါန်းခဲ့ပါတယ်။
နေ့လည်ပိုင်း မှာတော့ ထမလုံမှာ ရှိတဲ့ ပိုင်ရှင် မဲ့ခွေးများ စုဆောင်းထား ရှိတဲ့နေရာမှ ခွေးများကိုလဲ အစာများ သွားရောက် ကျွေးမွေးခဲ့ပါတယ်။
မိုးစက်ဝိုင် ရဲ့မွေးနေ့ အလှူ အနေနဲ့ သူ့ရဲ့ ပရိသတ်တွေဖြစ်တဲ့ We Love Moeset Wine အဖွဲ့သား များက ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်ရှိ ကားပါကင် အနီးမှာ ဘုရားဖူး လာမိဘပြည်သူ များကို ကြာဇံကြော် နဲ့ အအေးများ ကို ဝေငှ လှူဒါန်းခဲ့ကြပါတယ်။(ဓာတ်ပုံ- အိသွဲ့(တန့်ယန်း))
Popular News



မှတ်ချက်များ