သရေခေတ္တရာပြတိုက်တွင် လုံခြုံရေးအင်အား နည်းပါးနေသည့်အတွက် လက်ရှိတွင် အဖိုးတန် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများ ပြသနိုင်ခြင်းမရှိသေးဟုဆို
သရေခေတ္တရာပြတိုက်တွင် လုံခြုံ ရေးအင်အားနည်းပါးနေသည့်အတွက် လက်ရှိတွင် အဖိုးတန်ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ပစ္စည်း များပြသနိုင်ခြင်းမရှိသေးကြောင်း ယင်းပြတိုက်မှ သိ ရသည်။
သရေခေတ္တရာရှေးဟောင်းယဉ်ကျေးမှုဇုန်အ တွင်းမှ ရှာဖွေတွေ့ရှိသော ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများအားလုံးကို သရေခေတ္တရာ ပြတိုက်၌သာ ပြန်လည်ပြသရန်စီစဉ်ထားသော်လည်း လွန်ခဲ့သည့်နှစ်ပေါင်း ၄ဝ ကျော်ခန့်က ပြတိုက်တွင် ပြသထားသော ပျူကြေးရုပ်လေးရုပ်ခိုးယူခံခဲ့ရခြင်းနှု့် လက်ရှိပြတိုက်၏လုံခြုံရေးမှာလည်း အားရကျေနပ် ဖွယ်မရှိသောကြောင့် ထိုကဲ့သို့ဖြစ်ရပ်မျိုး ထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်သည့်အတွက် အဖိုးတန်ရှေး ဟောင်းပစ္စည်းများကို ပြတိုက်တွင် ပြသမထားခြင်း ဖြစ်ကြောင်း သိရသည်။
''အရင်တစ်ခါအခိုးခံရဖူးတော့ နောက်တစ်ခါ ဖြစ်မှာကို စိုးရိမ်တယ်။ အဲဒီတုန်းက အခိုးခံရတဲ့ ကြေးရုပ်တွေဆိုရင် ၁၆ နှစ်လောက်ကြာမှ မြန်မာ ပြည်ကိုပြန်ရောက်လာတယ်။ အခုဆိုလဲ ပြတိုက်မှာ လုံခြုံရေးက ညပိုင်းမှာတစ်ယောက်ပဲရှိတယ်။ အား နည်းတဲ့အတွက် တန်ဖိုးကြီးတွေ မပြရဲသေးဘူး။ နမူနာ သဘောအနေနဲ့ ရွှေလက်စွပ်တို့လောက်ပဲ ပြထား တယ်။ တကယ်တန်ဖိုးကြီးပစ္စည်းတွေကိုတော့ နေ ပြည်တော်ပြတိုက်၊ ရန်ကုန်အမျိုးသားပြတိုက်မှာပဲ ပြသတယ်''ဟု သရေခေတ္တရာပြတိုက်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
သရေခေတ္တရာယဉ်ကျေးမှုဇုန်အတွင်းမှ တွေ့ရှိ ခဲ့သည့် အဖိုးတန်ပစ္စည်းများနှင့် အထိမ်းအမှတ် သင်္ကေတ ရှေးဟောင်းအမွေအနှစ်အချို့ကို လုံခြုံ ရေးအခြေအနေအရ ပြတိုက်တွင် ပြသထားခြင်းမရှိ သော်လည်း ရရှိသည့်ပစ္စည်းများကို ဓာတ်ပုံရိုက်ကူး ပြီး ပစ္စည်းတွေ့ရှိသည့်နေရာ၊ ပစ္စည်းအမျိုးအစားအ မည်များကိုပါ ထည့်သွင်းဖော်ပြထားသောပုံကို ဗွီ နိုင်းထုတ်ကာ ပြတိုက်နံရံတွင် အများပြည်သူသိရှိနိုင် ရန် ချိတ်ဆွဲပြသထားကြောင်း သိရသည်။
သရေခေတ္တရာပျူမြို့ဟောင်းယဉ်ကျေးမှုဇုန် နယ်မြေသို့ဝင်ရောက်လေ့လာရန်အတွက် နိုင်ငံခြား သားတစ်ဦးလျှင် ကျပ် ၅ဝဝဝ နှုန်း၊ ပြတိုက်ဝင်ရောက် ကြည့်ရှုခွင့်ကိုလည်း ကျပ် ၅ဝဝဝ နှုန်းဖြင့်ကောက်ခံ လျက်ရှိပြီး လက်ရှိအချိန်၌ မြန်မာနိုင်ငံသားများကိုမူ ပြတိုက်ဝင်ကြေးအခမဲ့ဖြင့် လေ့လာခွင့်ပြုထားကြောင်း နှင့် ပြတိုက်တွင်ပစ္စည်း ၂၃၉မျိုးပြသထားကြောင်း သိရသည်။
TGH - ဒီမိုကရေစီတူဒေး

မှတ်ချက်များ