လှေစီး ဒုက္ခသည်တွေကို ယာယီ ခိုလှုံခွင့်ပေးမယ်


အန်ဒမင် ပင်လယ်တွင်း သောင်တင်မျောနေတဲ့ ဘင်္ဂလာဒေ့ရှ်နဲ့ မြန်မာနိုင်ငံက ထောင်နဲ့ချီတဲ့ လှေစီးဒုက္ခသည်တွေကို ယာယီ ခိုလှုံခွင့်ပေးမယ်လို့ အင်ဒိုနီးရှားနဲ့ မလေးရှားက ပြောကြားလိုက်ပါတယ်။

ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား ၃ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ အရေးပေါ် အစည်းအဝေး ကျင်းပနေကြတာ ဖြစ်ပါတယ်။

တနှစ်အတွင်း ဒီဒုက္ခသည်တွေကို ပြန်လည်ပို့ဆောင်ပေးဖို့ ဒါမှမဟုတ် ပြန်လည်နေရာချထားပေးဖို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ကူညီရန် သတ်မှတ်ချက်နဲ့ အခုလို သဘောတူ လက်ခံလိုက်တာ ဖြစ်ပါတယ်။

ဒေသတွင်းရှိ တခြားနိုင်ငံတွေကလည်း ရွှေ့ပြောင်းဒုက္ခသည်တွေကို ပူးပေါင်းကူညီကြဖို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး Anifah Aman က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဒီထောင်နဲ့ ချီ လှေစီး ဒုက္ခသည်တွေရဲ့ အသက် ကယ်ဆယ်ရေးအတွက် ဖိလစ်ပိုင် နိုင်ငံက လှေသင်္ဘောတွေ ကူညီ ပေးမယ်လို့လည်း သိရပါတယ်။

ဗုဒ္ဓဟူး မနက် အစောပိုင်းကလည်း အင်ဒိုနီးရှား ရေလုပ်သားတွေက ဒုက္ခသည် တစ်ရာကျော်ကို ကယ်ဆယ်ခဲ့ပါတယ်။

BBC Burmese

မှတ်ချက်များ