ခရစ်ဘရောင်း အိပ်ယာထဲအမျိုးသမီးတစ်ဦး ရောက်နေတာကြောင့် မွေးနေ့ပွဲမှ အမြန်ပြန်ခဲ့ရ
ကမ္ဘာကျော် ဆယ်လီဘရစ်တီတွေရဲ့ ဘဝကလည်း တကယ်ကိုစိတ်လိုတိုင်း လွတ် လွတ်လပ်လပ်နေထိုင်လို့ မရနိုင်တာပါ။ လူပရိတ်သတ်တွေရဲ့ အလယ်မှာ အပြုံးလေးနဲ့ နှုတ်ဆက်ရီပြပြီး ထောပနာပြုချီးကျူး အားကျခြင်းတွေကို ခံရသော်လည်းပဲ မျက်စိ ဒေါက် ထောက်လိုက်ကြည့်နေတဲ့ အကြည့်တွေအောက်ကနေ တစ်ချက်ကလေးမှ အ မှားခံလိုက်လို့ မရတာအမှန်ပါပဲ။ နာမည်ပျက်မယ့် သိက္ခာပိုင်းဆိုင်ရာထိခိုက်မယ့် ဘယ် လိုကောလဟလတွေကိုမဆို သတိထားပြီး ဂရုစိုက်ဆင်ခြင်နေထိုင်ရပါတယ်။
ကမ္ဘာကျော် ရက်ပါအဆိုတော် ခရစ်ဘရောင်းတစ်ယောက် အမျိုးသမီးကိစ္စနဲ့ ပတ် သက်ပြီး အနုပညာနယ်ပယ်မှာကော အပြင်မှာကော ရှုပ်ထွေးပွေလီကြောင်းတွေ ကို မကြာခဏဖြေရှင်းနေရပါတယ်။ အသက်၂၆ နှစ်ပြည့်မွေးနေ့ပွဲကို လာ့စ်ဗီးဂတ်စ်မှာ အနု ပညာရှင်အသိုင်းအဝိုင်းက သူငယ်ချင်းအချို့နဲ့ ကျင်းပပြီးသိပ်မကြာခင်မှာပဲ သူ့ရဲ့နေ ကယ်လီဖိုးနီးယား ကာဂိုရာဟေးလ်က နေအိမ်ကို အရေးပေါ်ပြန်ခဲ့ရပါတယ်။
မွေးနေ့ပွဲကိုတောင် ကောင်းစွာမကျင်းပနိုင်ပဲ အိမ်ကိုသာအမြန်ရောက်ဖို့ ခပ်သုတ်ထွက် သွားတဲ့ ခရစ်တစ်ယောက် အိမ်ထဲအရောက်မြင်လိုက်တဲ့မြင်ကွင်းက တုန်လှုပ်အံ့သြစ ရာကောင်းလောက်အောင်ကို ဖြစ်ခဲ့ပါတယ်။ ဝလစ္စလစ် နဲ့ လူမည်းအမျိုးသမီးက ခရစ် ဘရောင်းရဲ့ အိမ်ယာထက်ကိုရောက်နေတဲ့ ဓာတ်ပုံတွေကို အင်တာနက်စာမျက်နှာမှာ တွေ့ခဲ့ရလို့ပါပဲ။
မည်သူမည်ဝါမှန်းမသိတဲ့ ယင်းလူ မည်းအမျိုးသမီးကိုဘာအကြောင်းကြောင့် ဒီလိုလုပ်ရတယ်ဆိုတာရယ်နဲ့ ကြောင်းအ ရင်းကို မေးမြန်းပြီး ရဲခေါ်ဖမ်းဆီးခိုင်းခဲ့လိုက်ပါတယ်။
မွေးနေ့ပွဲပြုလုပ်ဖို့ အပြင်ရောက်နေတဲ့ ခရစ်အတွက် သိပ်ကိုကံကောင်းသွားတယ်လို့ ဆိုရမှာပါ။ အကယ်၍များ အိမ်မှာသာရှိနေခဲ့ရင် ကြိုတင်ကြံစည်ပြီးအိမ်အတွင်းသို့ ဝင် ရောက်လာတဲ့ ယင်းအမျိုးသမီးနဲ့ ခရစ်နဲ့ကို အထင်လွဲစရာဖြစ်ရမှာ အသေအချာပဲဖြစ် ပါတယ်။
ဖိုးသူတော်

မှတ်ချက်များ