အိုင်ရင်းနားရှိတ်ခ်နဲ့ အကြင်နာပေးတဲ့ ဘရက်ဒလေကူးပါး


ဟောလိဝုဒ်သရုပ်ဆောင် မင်းသား ဘရက်ဒလေကူး ပါးနှင့် ရုရှားစူပါမော်ဒယ် အိုင်ရင်းနားရှိတ်ခ်တို့သည် ယခုသီတင်းပတ် အစောပိုင်းတွင် နယူးယောက်မြို့လမ်းမထက်၌ အကြင်နာ ပေးနေချိန်တွင် ပါပါရာဇီများက ဓာတ်ပုံရိုက်ယူနိုင်ခဲ့ကြသည်။

အသက်(၄၀)အရွယ် ဘရက်ဒလေကူးပါးနှင့် အသက်(၂၉)နှစ် အရွယ် အိုင်ရင်းနားရှိတ်ခ်တို့သည် မေလ ၃ ရက်တွင် နယူး ယောက်မြို့၌ Hamilton ပြဇာတ်ကြည့်ခဲ့ကြပြီးနောက် ပြဇာတ်ပွဲမှ အပြန် လမ်းတစ်လျှောက်တွင် နှစ်ဦးသားရယ်မောပျော်ရွှင်စွာလက်တွဲလမ်းလျှောက်လာကြပြီး မှောင်ရိပ်တစ်နေရာ၌ အကြင်နာပေးခဲ့ ကြကြောင်း ၎င်းတို့နှစ်ဦးကို တွေ့ရှိသူတစ်ဦးက People မဂ္ဂဇင်း အား ပြောသည်။
ထို့အပြင် ၎င်းတို့နှစ်ဦးကို အဆိုတော်ရီဟာနား၏ Met Gala ပွဲပြီး ပါတီ၌လည်း တွဲလျက်တွေ့ရှိခဲ့သည်ဟုဆိုသည်။

အိုင်ရင်းနားရှိတ်ခ်သည် ကမ္ဘာကျော်ဘောလုံးသမား ခရစ္စ တီယာနိုရော်နယ်ဒိုနှင့် ငါးနှစ်ခန့်ချစ်ကြိုက်ခဲ့ပြီး ရော်နယ်ဒိုသစ္စာ ဖောက်သည့် သတင်းများထွက်ရှိခဲ့ပြီးနောက် ယခုနှစ်ဆန်းတွင် ၎င်းတို့စုံတွဲလမ်းခွဲကြောင်း ကြေညာခဲ့သည်။ ရော်နယ်ဒိုနှင့် လမ်းခွဲပြီးနောက် အိုင်ရင်းနားရှိတ်ခ်က ၎င်းသည်အမျိုးသမီးများအပေါ် ရိုးသားပြီးသစ္စာရှိသော အမျိုးသားကို ရှာဖွေချစ်ကြိုက်သွားမည်ဟု E! News သတင်းနှင့် အင်တာဗျူး၌ ပြောကြားခဲ့သည်။

ဟောလိဝုဒ်စတား ဘရက်ဒလေကူးပါးသည် ၂နှစ်ကျော် ချစ်ကြိုက်ခဲ့သော ဗြိတိန်မော်ဒယ်ဆူကီဝါးတားဟောက်စ်နှင့် ပြီးခဲ့သည့် မတ်လက လမ်းခွဲခဲ့သည်။

7day Daily

မှတ်ချက်များ