ဇွန်လမှာ ပြန်လည်လှုပ်ရှားမယ့် 2PM အဖွဲ့
တောင်ကိုရီးယားယော က်ျားလေး အဆိုရှင်အဖွဲ့ 2PM သည် လာမည့်ဇွန်လတွင် ပဉ္စမ မြောက်တေးအယ်လ်ဘယ်နှင့်အ တူ အနုပညာလှုပ်ရှားမှုများ ပြန် လည်စတင်မည်ဟု 2PM အ ဖွဲ့ အေဂျင်စီက မေလ ၈ရက်တွင် ပြောသည်။
2PM အဖွဲ့သည် ဇွန်လ ၁ ရက်၌ အယ်လ်ဘမ်သစ် ထွက်ရှိမည်ဖြစ်ပြီး ဇွန်လ ၂၇ ရက်နှင့် ၂၈ ရက်များတွင်ဆိုးလ်မြို့ ၌ ဖျော်ဖြေပွဲများပြုလုပ်သွား မည်ဖြစ်သည်။ ယင်းအယ်လ်ဘမ် သစ်တွင် ပါဝင်သည့် သီချင်းအ ချို့ကို 2PM အဖွဲ့ဝင်များကိုယ် တိုင် ရေးစပ်သီကုံးထားသည်ဟု အေဂျင်စီက ပြောသည်။
2PM အဖွဲ့သည် ၂၀၀၈ စက်တင်ဘာတွင် Hottest Time of Day အယ်လ်ဘမ်ဖြင့် ကေ ပေါ့ပ်လောကသို့ စတင်ခြေချခဲ့ သည်။ ထို့နောက် 2PM အဖွဲ့ သည် ၎င်းတို့အဖွဲ့၏ Again & Again ၊ Heartbeat နှင့် Hands UP ကဲ့သို့သော နာမည် ကျော်သီချင်းများဖြင့် ကေပေါ့ပ် လောကတွင် ပရိသတ်အာရုံစိုက် မှုရရှိခဲ့ပြီး ရုပ်သံဒရာမာဇာတ် လမ်းတွဲများနှင့် ရုပ်ရှင်ဇာတ်ကား များ၌ ပါဝင်သရုပ်ဆောင်မှုများမှ နေ၍ ပရိသတ်၏အားပေးမှု ရရှိ လာခဲ့သည်။
7day Daily

မှတ်ချက်များ