Let's Go ခရီးသွားအစီအစဉ်အဖွဲ့သားများ မလေးရှားတွင် ရိုက်ကူးရန် စတင်ထွက်ခွာ
မြဝတီရုပ်သံလိုင်းတွင် ထုတ်လွှင့်လျက်ရှိသော လူငယ် အဆိုတော်များဖြင့် တင်ဆက်နေ သည့် Let's Go ခရီးသွားအစီ အစဉ်ကို မလေးရှားနိုင်ငံ၌ မေလ ၈ ရက်မှ ၁၃ ရက်အထိ သွား ရောက်ရိုက်ကူးမည်ဖြစ်ပြီး မလေးရှားရှိ မြို့သုံးမြို့တွင် ရိုက်ကူးသွား မည်ဟု ယင်းအစီအစဉ်ကိုစီစဉ်သူ ကိုဝေမင်းမောင်က ပြောသည်။
‘‘ကွာလာလမ်ပူ၊ လန်ကာဝီ နဲ့ ပီနန်မြို့တွေမှာရိုက်ကူးသွားမှာ ပါ။ တစ်မြို့ကို နှစ်ရက်ရိုက်သွား မှာပါ’’ဟု ၎င်းကပြောသည်။
Let's Go အစီအစဉ်ရိုက်ကူး ရေးအဖွဲ့သည် မေလ ၈ ရက် နံနက်က မလေးရှားနိုင်ငံသို့ ထွက်ခွာခဲ့ပြီး ယခုခရီးစဉ်တွင် ယခင်အစီအစဉ်များ၌ ပါဝင် ရိုက်ကူးနေကျ ဘန်နီဖြိုးမှာ အမေရိကန်ဖျော်ဖြေရေးခရီးနှင့် တိုက်နေ၍ လိုက်ပါနိုင်ခြင်း မရှိကြောင်း ၎င်းကပြောသည်။
Let's Go အစီအစဉ်တွင် ပုံမှန်တင်ဆက်သူများအနေဖြင့် လွှမ်းပိုင်၊ ကျော်ထွဋ်ဆွေ၊ ဘန်နီ ဖြိုး၊ Bobby Soxer၊ နန်းသူဇာ၊ နန်းမြတ်ဖြိုးသင်းတို့ပါဝင်ပြီး မြဝတီရုပ်သံလိုင်းမှ အပတ်စဉ် ထုတ်လွှင့်ပြသလျက်ရှိသည်။
‘‘အရင်က ဂျောက်ဂျက်တို့၊ ရဲရင့်အောင်တို့ပါ လိုက်ဖို့စီစဉ် ထားတာ။ ဒါပေမဲ့ နောက်တစ် ခေါက်ခရီးသွားတဲ့အချိန်ဆိုရင် Let's Go ၂ နှစ်ပြည့်ပြီဆိုတော့ အဲဒီအခေါက်ကျမှပဲပါတော့ မယ်။ ဘန်နီဖြိုးကတော့ နောက် ခရီးစဉ်တွေမှာ ပြန်ပါမှာပါ’’ဟု ကိုဝေမင်းမောင်ကပြောသည်။
ယခင်က Let's Go ခရီးစဉ် ရိုက်ကူးရေးကို ယူ-၂၀ ကမ္ဘာ့ ဖလားပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်နေသည့် နယူးဇီလန်နိုင်ငံ၌သွားရောက်ရိုက်ကူးရန်စီစဉ်ခဲ့ သော်လည်း ခရီးဝေးသောကြောင့် မလေးရှားခရီးစဉ်ကို ရွေးချယ်ခဲ့ ကြောင်း ၎င်းကပြောသည်။
7day Daily

မှတ်ချက်များ