မကွေးတိုင်း ဒေသကြီး ရေနံချောင်းမြို့ နယ် ဘုရားကုန်း ကျေးရွာအုပ်စု ရှိ ဗူးကျွန်းမြောက်ရွာတွင် လူ ၂၀ ကျော် ဝမ်းပျက်ဝမ်းလျော ဖြစ်ပွားနေပြီး ယမန်နေ့ က ကလေးငယ် ၁ ဦးနှင့် သက်ကြီးရွယ်အို ဘိုးဘွားနှစ်ဦး သေဆုံး ခဲကြောင်း မြို့ နယ်ဆရာဝန်ကြီးထံမှ သိရသည်။
“မင်္ဂလာဆောင်မှာ ကျွေးတဲ့  ခေါက်ဆွဲဖတ်က ချဉ်တာလား။ ပဲဟင်းရယ်က ချဉ်တာလားတော့ မသိဘူး။ ရောဂါပိုး ကူးစက်တာတော့ မဟုတ်ပါဘူး”ဟု မြို့ နယ်ဆရာဝန်ကြီး ဦးကျော်က ပြည်ထောင်စုနေ့ စဉ်သို့ ပြောသည်။
မင်္ဂလာဆောင်တွင် ကျွေးမွေးသည့် ခေါက်ဆွဲကို နောက်ကျမှ စားမိသည့် လူများတွင် ဖြစ်ပွားရခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် စိုးရိမ်ရသည့် လူနာ (၆)ဦးကို ဆေးရုံတင်ထားပြီး ကျန်ပြင်ပလူနာများအတွက် ယင်းကျေးရွာတွင် ၂၄နာရီ ဆေးပေးခန်း ဖွင့်ပေးထားကာ သူနာပြုဆရာမများဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိနေသည်ဟု သိရသည်။
သေဆုံးသူ ၃ ဦးမှာ အသက်သုံးနှစ်အရွယ် ကလေးတစ်ဦးနှင့် အသက်ခြောက်ဆယ်ကျော် အရွယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဖြစ်သည်ဟု သိရသည်။
“ရာသီကပြင်းတော့ သက်ကြီးရွယ်အိုနဲ့ ကလေးတွေ မခံနိုင်ဘူးထင်ပါတယ်။ အခုတော့ ဖြစ်တဲ့ လူထပ်မတိုးသေးဘူး”ဟု ယင်းကျေးရွာသို့ သွားရောက်ကာ ရေသန့် ၊ဓာတ်ဆားနှင့် ဆပ်ပြာခဲများ သွားရောက်လှုဒါန်းသည့်အဖွဲ့ မှ ကိုသန်းထွဋ်က ပြောပြသည်။
ယင်းဗူးကျွန်းမြောက်ရွာ အပြင် ဗူးကျွန်းတောင်ရွာနှင့် နတ်စင်တောင်ရွာတို့ တွင် လည်း တစ်ဦးစ နှစ်ဦးစဖြစ်ပွားနေသည်ဟု ကိုသန်းထွဋ်က ဆိုသည်။
ဘေဘီမြင့်မောင်၊ မန္တလေး - The Union Daily
.jpg)
မှတ်ချက်များ