မြောက်ကိုရီးယား ကာကွယ်ရေး အကြီးအကဲ ကွပ်မျက်ခံရလို့ တောင်ကိုရီးယားပြော


မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီး Hyon Yong-chol ဟာ ပစ်သတ်ခံရတယ်လို့ တောင်ကိုရီးယားရဲ့ ထောက်လှမ်းအဖွဲ့က ပါလီမန်ကို ပြောဆိုတယ် ဆိုပြီး သတင်းတွေမှာ ဖော်ပြပါတယ်။

မစ္စတာ Hyon ကို အရာရှိတွေ အမြောက်အများရဲ့ ရှေ့မှောက်မှာ လေယာဉ်ပစ် သေနတ်နဲ့ ဧပြီလ ၃၀ ရက်နေ့မှာ ပစ်သတ်ခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယားရဲ့ Yonhap သတင်းဌာနက ပြောပါတယ်။

မစ္စတာ Hyon ဟာ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong-un အပေါ် သစ္စာဖောက်ဖျက်မှုနဲ့ စွပ်စွဲပြောဆိုခံရပြီး အခုလို ကွပ်မျက်ခံရတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားက သတင်းတွေကို လွတ်လပ်တဲ့ သီးခြား အတည်ပြုမှု ရယူဖို့ မဖြစ်နိုင်ဘူးလို့လည်း ဆိုပါတယ်။

အခုလို ကွပ်မျက်မှုနဲ့ ပတ်သက်လို့ တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးအေဂျင်စီကို ကိုးကားပြီး Yonhap သတင်းမှာ ဖော်ပြချက်အရ Kim Jong-un တက်ရောက်တဲ့ အစည်းအဝေးတခုအတွင်းမှာ မစ္စ Hyon ဟာ အိပ်ပျော်နေခဲ့ပြီး အမိန့်နာခံဖို့ ပျက်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။

BBC Burmese

မှတ်ချက်များ