ကိုယ့်ရဲ့မွေးနေ့ဂဏန်းလေးတွေကို ကြည့်ပြီး ကိုယ်ဟာ ဘယ်လိုဖြစ်မလဲဆိုတာကို ကြည့်လိုက်ရအောင်နော်။
တွက်ပုံတွက်နည်းကတော့
ဥပမာ - ၁၉၈၀ ခုနှစ်၊ ၃ လ၊ ၁၉ ရက်နေဖွားဖြစ်ရင်
၁၉၈၀ + ၃ + ၁၉ = ၂၀၀၂
၂ + ၀ + ၀ + ၂ = ၎
ကဲ ကိုယ့်ရဲ့ဂဏန်းကို တွက်ပြီးသွားရင်တော့ အောက်မှာ ကိုယ့်ရဲ့ဂဏန်းလေးကို ရှာလိုက်ပါ။
၁. အတွေးအခေါ် ကောင်းသူ
၂. ငြိမ်းချမ်းရေးကို လိုလားသူ
၃. ပွဲလမ်း သဘင် ကြိုက်သူ
၎. ရိုးရာ အစဉ်အလာကို လိုက်နာသူ
၅. တီထွင် ကြံဆသူ
၆. ကဗျာဆန်သူ
၇. ထူးချွန်သောသူ
၈. အောင်မြင်သူ
၉. အနုပညာရှင်
၁. အတွေးအခေါ် ကောင်းသူ
စဉ်းစားတတ်ပြီး အတွေးအခေါ်ကောင်းတဲ့အတွက် သူ့ကို ပတ်ဝန်းကျင်ရဲ့ အလေးထားခြင်းကို ခံရပါလိမ့်မယ်။ ဒါပင်မဲ့လည်း သူများရဲ့အတွေးအခေါ်ကိုတော့ လက်မခံတတ်တဲ့အတွက် လူမုန်းခံရပါလိမ့်မယ်။
၂. ငြိမ်းချမ်းရေးကို လိုလားသူ
ပေါင်းသင်းဆက်ဆံရေးမှာ ထူးချွန်ပြီး ပတ်ဝန်းကျင်က ဘာကိုလိုလားနေသလိုဆိုတာကို နားလည်ပြီး၊ ကိုယ်အတွက်ထက် သူတပါးအတွက် ဦးဆောင်ပြီး လုပ်ကိုင်ပေးတတ်ပါတယ်။ တစ်ယောက်တည်းနေရတာကို မုန်းပြီး သူငယ်ချင်းတွေနဲ့ အတူတူရှိနေတာကို သဘောကျတယ်။ သူငယ်ချင်းကို ဦးစားပေးတာလည်းကောင်းပင်မဲ့ ကိုယ်အတွက်လည်း အချိန်ယူသင့်ပါတယ်။
၃. ပွဲလမ်း သဘင် ကြိုက်သူ
ခေါင်းစဉ်အတိုင်းပဲ ပွဲလမ်း၊ သူငယ်ချင်းတွေကို ခင်မင်ပြီး ဘယ်သူနဲ့မဆို ချစ်ချစ်ခင်ခင်နေတတ်တယ်ဆိုတာ သူ့ရဲ့ အားသာချက်ပါ။ အားနည်းချက်ကတော့ အလုပ်တစ်ခုကို ပြီးအောင်လုပ်ရန် အားနည်းပါတယ်။ သူများတကာအတွက်ပဲလုပ်နေတတ်ပြီးတော့ ကိုယ့်ရဲ့အလုပ်ကိုတော့ မေ့နေတတ်ပါတယ်။
၎. ရိုးရာ အစဉ်အလာကို လိုက်နာသူ
ရိုးရာ အစဉ်အလာကို အလေးထား စဉ်းစားပြီး သွားလာ လှုပ်ရှားသူဖြစ်ပါတယ်။ အလုပ်ကြိုးစားပြီး၊ ဘဘာဝ ပတ်ဝန်းကျင် အကြောင်းကို စိတ်ဝင်စားတတ်ပါတယ်။ နည်းနည်းတော့ ခေါင်းမာတတ်ပါတယ်။ လူအများနဲ့ဆက်ဆံတဲ့အခါမှာ နည်းနည်းတော့ ပြေလည်အောင် ဆက်ဆံနိုင်မယ်ဆိုရင် အကောင်းဆုံးပါပဲ။
၅. တီထွင် ကြံဆသူ
ရှိနေတာထက် အသစ်ကို တီထွင်ချင်၊ တွေးကြည့်ချင်တယ်ဆိုတဲ့ စိတ်ဓာတ်က သူ့မှာရှိပါတယ်။ ကိုယ့်ရဲ့နေပုံထိုင်ပုံကို လာပြီး အနှောက်အယှက်ပေးတာကို မကြိုက်ပါ။ ဒါကြောင့် အခြားသောသူတွေနဲ့ ခဏခဏ ရန်ဖြစ်လေ့ရှိပါတယ်။ ပေါင်းသင်းဆက်ဆံရေးကို နားလည်အောင် ကြိုးစားဖို့ သင့်ပါတယ်။
၆. ကဗျာဆန်သူ
သူကို အမြဲလိုအပ်နေတဲ့သူရှိပါတယ်။ ဒါကြောင့်လည်း ထိုသူအတွက် အားလုံးကို ပေးဆပ်ဖို့အသင့်ပါပဲ။ မိသားစုအတွက် အမြဲစဉ်းစားနေသူဖြစ်တဲ့အတွက် ကျောင်းဆရာ အလုပ်နဲ့ လိုက်ဖက်ပါတယ်။ ဒါပင်မဲ့ သိပ်ပြီး ရိုးသားလွန်းအားကြီးရင်လည်း မကောင်းပါ။
၇. ထူးချွန်သောသူ
လောကကြီးမှာ မရှိသေးတဲ့အရာကို ရှာဖွေပြီး တီထွင်ကြံဆချင်တဲ့ ပညာရှင်တစ်ယောက်ဖြစ်ပါလိမ့်မယ်။ သူကရှာဖွေတွေ့ရှိတဲ့အရာကို တကမ္ဘာလုံးကို သိအောင်လုပ်ချင်တဲ့ ဆန္ဒက သူ့ဆီမှာရှိပါတယ်။ သူ့မှာ ကြီးမားသော ခံယူချက်ရှိပြီး ဘယ်သူတွေ ဘာပြောပြော ခံနိုင်ရည်ရှိပြီး သူဘာတွေတွေးနေသလဲဆိုတာကိုလဲ ဘယ်သူမှ မသိနိုင်ပါ။
၈. အောင်မြင်သူ
ပြသာနာကို ဖြေရှင်းရတွင် သူ့အပြင် အခြားသူမရှိပါ။ ကျွမ်းကျင်သော ပညာရှင်တစ်ယောက်အနေဖြင့် ရပ်တည်နိုင်သူပါ။ မာနရှိပြီး ရာထူး၊အာဏာတွေကိုတော့ မမက်စေချင်ပါ။
၉. အနုပညာရှင်
လူအများကို ပျော်ရွှင်စေချင်တဲ့ အရည်အချင်းသူ့မှာရှိပါတယ်။ လူအများပျော်ရွှင်နိုင်ရန်အတွက် အမြဲတွေးနေပြီး လူချစ်လူခင်လည်း ပေါများပါလိမ့်မယ်။ သူတပါးပြောတာကို ယုံတတ်တဲ့ အကျင့်လေးရှိတဲ့အတွက် သတိထားစေချင်ပါတယ်။
Chelmo Team

မှတ်ချက်များ