ကျွဲခတ်လို့ ပြေးရတဲ့ ခြင်္သေ့
ကျွဲခတ်လို့ ပြေးရတဲ့ ခြင်္သေ့ အပြင်မှာ တကယ်ရှိပါတယ်။ ပုံမှာမြင်တွေ့ရသလိုပဲ ပြေးတာမှ တန်းနေတာပဲ။ သစ်ပင်ပေါ်တောင် ကုတ်တက်လိုက်ပါသေးတယ။် ကင်ညာနိုင်ငံရှိ ဘေးမဲ့တောမှာ ဖြစ်ပြီး တောတွင်း လေ့လာရေးသား အဖွဲ့ သွားနေတုန်း မမျော်လင့်တဲ့ မြင်ကွင်းကို မြင်ခဲ့လို့ ဖြစ်ပါတယ်။
ခြင်္သေ့ဟာ ပထမ အစကတော့ ကျွဲပေါက် တစ်ကောင်ကို ရလိုရညား သွားဖမ်းခြင်း ဖြစ်ပေမယ့် ဒါပေမယ့် စည်းလုံးတဲ့ ကျွဲအုပ်ဖြစ်နေတာကြောင့် သူထင်သလို ဖြစ်မသွားပါဘူး။ ကျွဲအဖွဲ့လိုက် အင်အားနဲ့ ပြန်တိုက်ခိုက်တော့ ပြေးရပါတယ်။ တောမှာရှိတဲ့ ကျွဲရိုင်းများဟာလည်း အင်မတန် အပြေးသန်ပါတယ်။ သူတို့အနေနဲ့ အင်အားအကုန်သုံးလို့ ပြေးတဲ့အခါ ခြင်္သေ့ကို တကယ်လိုက်မှီကြ ပါတယ်။ ဒါကြောင့် ပုံမှာ မြင်တွေ့ရသလိုပဲ မပြေးနိုင်တော့တဲ့အဆုံး ခြင်္သေ့ခမျာ သစ်ပင်ပေါ် ကုတ်တွယ်တက်ရပါတော့တယ်။
ခြင်္သေ့ဆိုတာ တောဘုရင်လို့ သိထားပေမယ့် အမြဲတမ်း တောဘုရင်မဖြစ်နိုင်ပါဘူး။ တစ်ကိုယ်တည်းဆိုရင် အားနည်းပေမယ့် စည်းလုံးချင်းဟာ အမှန်တကယ် အင်အားကြီးစေနိုင်တယ်ဆိုတာကိုလည်း ကျွဲတစ်အုပ်က သင်ခန်းစာပေးသွား ပါတယ်။
အောင်ခမ်း (ရိုးရာလေး)



မှတ်ချက်များ