အင်္ကျီရောင်းပြီး အလှူလုပ်မှာ အေးမြတ်သူပါ..


သရုပ်ဆောင် အေးမြတ်သူက အွန်လိုင်းကတစ်ဆင့် အင်္ကျီရောင်းရတဲ့ ပိုက်ဆံတွေကို facebookက ခင်မင်သူ သူငယ်ချင်းဖြစ်တဲ့ မေသူဇော်နဲ့ ပူးပေါင်းပြီး မေ၂၄က သုခရိပ်မြုံ မိဘမဲ့ကလေးကျောင်းမှာ အလှူလုပ်ခဲ့ပါတယ်။ အေးမြတ်သူ ဘယ်လောက်ဖိုး ရောင်းရပြီး ဘယ်လောက်လှူခဲ့ကြတာလဲ။

Onlineက တစ်ဆင့် အင်္ကျီရောင်းတဲ့အခါမှာ အင်တာနက်လိုင်း မကောင်းလို့ ၃ သိန်းဖိုးသာ ရောင်းရပေမယ့် ၂သိန်းစိုက်ပြီး ၅ သိန်းလှူဖြစ်ခဲ့တယ်လို့ အေးမြတ်သူက ပြောပါတယ်။ Onlineပေါ်မှာ အသုံးမလိုတော့တဲ့ ပစ္စည်းတွေ ရောင်းရင်းကနေ ဝတ်စုံတွေရောင်းပြီး အလှူလုပ်ဖို့ စိတ်ကူးရသွားတာကြောင့် သူငယ်ချင်းအလှူမှာ ပေါင်းပြီး လုပ်ဖြစ်သွားတယ်လို့ ဆိုပါတယ်။

ဒီအလှူကို စတင်ဦးဆောင်တဲ့သူကတော့ Annam Myanmar ကုမ္ပဏီရဲ့ Operation Manager မမေသူဇော် ဖြစ်ပြီး ရပ်နီးရပ်ဝေးက မိတ်ဆွေတွေ၊ ဆွေမျိုးတွေလည်း ပါဝင်လှူဒါန်းခဲ့ကြပါတယ်။ သူ့ရဲ့ မွေးနေ့အလှူအဖြစ်ပြုလုပ်တဲ့ ဒီပွဲမှာ ကလေးအသုံးအဆောင်၊ အိပ်ရာခင်း၊ ကစားစရာတွေအပြင် ကျောင်းသုံးပစ္စည်းနဲ့ အဝတ်အထည်တွေလည်း အလှူဒါန်းခဲ့ကြပါတယ်။

သုခရိပ်မြုံကျောင်းကို Onlineမှာ တွေ့ကတည်းက မိဘမဲ့ကလေးတွေအပြင် HIV ရောဂါခံစားနေရသူတွေ ရှိတဲ့အပြင် မြန်မာပြည်မှာ တစ်ချို့က HIVလို့ဆိုလိုက်တာနဲ့ ကြောက်တတ်ကြတာ ဝေးဝေးနေတတ်ကြတာတွေကြောင့် လှူဖို့ဆုံးဖြတ်ဖြစ်သွားတာလို့ မမေသူဇော်က ပြောပါတယ်။



kamayutmedia

မှတ်ချက်များ