ဖမ်းဆီးခံကျောင်းသူ မဖြိုးဖြိုးအောင်ကို ကန်သမ္မတဟောင်း ဂျော့ခ်ျဒဗလျူဘုရှ် မှ စာနှင့် လက်ဆောင် ပေးပို့



သတင်းဓာတ်ပုံ – ဥာဏ်ကြီး
အမေရိကန်သမ္မတဟောင်း ဂျော့ခ်ျဒဗလျုဘုရှ် George W. Bush ကနေ အခုလက်ရှိ သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ဗကသများ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး မဖြိုးဖြိုးအောင်အတွက် အားပေးစကား ပြောကြားတဲ့ စာတစ်စောင်နဲ့ လက်ဆောင်ပစ္စည်းတွေကို ဘန်ကောက်မြို့က တဆင့် မနေ့က ပေးပို့လိုက်ပါတယ်။

ဒီစာနဲ့ပစ္စည်းတွေကို ဒီနေ့ သာယာဝတီ တရားရုံးမှာ ရုံးထုတ်စစ်ဆေးတဲ့အချိန်မှာ မဖြိုးဖြိုးအောင်ကို လူကြုံနဲ့တဆင့် လာရောက်ပေးပို့တာပါ။

စာထဲမှာ ပွင့်လင်းမြင်သာပြီး အာမခံမှုရှိလာမယ့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုအတွက် မဖြိုးဖြိုးအောင်ရဲ့ သတ္တိ၊ ဆန္ဒနဲ့ လုပ်ဆောင်ချက်တွေကို ဂုဏ်ယူမိကြောင်း၊ မကြာခင် လွတ်မြောက်လာနိုင်ဖို့ကိုလည်း မျှော်လင့်ပါကြောင်း ဂျော့ခ်ျဘုရှ်က ရေးသားထားပါတယ်။

မဖြိုးဖြိုးအောင်ဟာ George W. Bush Institute ရဲ့ Liberty and Leadership Forum ကို တက်ရောက်ခဲ့သူတဦးဖြစ်ပြီး အခုလက်ရှိ သာယာဝတီထောင်မှာ ဖမ်းဆီးခဲ့ထားရတာမို့ ကျောင်းဆင်းပွဲ မတက်ရောက်နိုင်တဲ့အတွက် သူ့အတွက် ဂုဏ်ပြုအစီအစဉ် ထည့်သွင်း ပြုလုပ်သွားမှာဖြစ်ကြောင်း အမေရိကန် သမ္မတဟောင်း ဘုရှ်က ရေးသားပေးပို့လာတာ ဖြစ်ပါတယ်။

DVB

မှတ်ချက်များ