"ရိုဟင်ဂျာ"များကို နိုင်ငံသားအဖြစ် သတ်မှတ်ရန် ကုလသမဂ္ဂ တောင်းဆို


မေလ ၂၉ ရက် ဘန်ကောက်မှာ ကျင်းပတဲ့ လှေစီးဒုက္ခသည်တွေအရေး ဖြေရှင်းဖို့ နိုင်ငံ ၁၇ နိုင်ငံက ကိုယ်စားလှယ်တွေ ပါတဲ့ အစည်းအဝေးမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ကာကွယ်စောင့်ရှောက်ရေး လက်ထောက်ကော်မရှင်မင်းကြီး ဗော်လ်ကာတာ့ခ်က ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုရေး တောင်းဆိုတိုက်တွန်းပါတယ်။ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထင်လင်းက ကုလသမဂ္ဂအနေနဲ့ ပြဿနာကို မြန်မာနိုင်ငံ တနိုင်ငံတည်းအပေါ် ပုံချဖို့ မလုပ်ပါနဲ့လို့ ပြောပြီး ဒါဟာ ဒေသတွင်း ပြဿနာဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာအနေနဲ့ ဒီပြဿနာဟာ လူကုန်ကူးမှုလို့ မြင်ပြီး ဒေသတွင်းနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောထားဖူးပါတယ်။

ဧရာဝတီ

မှတ်ချက်များ