အိပ်ခန်းတွင်း၌သာ စိတ်အာသာဖြေကြဖို့ ကျောင်းသားတွေကို Kenyatta တက္ကသိုလ်အသိပေး


ကင်ညာနိုင်ငံ Kenyatta တက္ကသိုလ်ရဲ့ အသိပေးချက် ဆိုင်းဘုတ်တွေပေါ် နေရာယူနေတဲ့ ကြေငြာတစ်ခုမှာ ရေချိုးခန်းတွေနဲ့ အိမ်သာတွေအတွင်း မိမိဘာသာစိတ်အာသာဖြေတာမျိုး လုပ်ခြင်းဟာ တက္ကသိုလ်အိမ်ယာ၊ အဆောင်ဥပဒေချိုးဖောက်မှု တစ်ခုဖြစ်ကြောင်း ကျောင်းသားတွေကို သတိပေးနေတဲ့ ကြေငြာဖြစ်ပါတယ်။

“ကျွန်ုပ်တို့ရေမြောင်းတွေကို သုတ်ပိုးခံနိုင်အောင် တည်ဆောက်ထားခြင်း မဟုတ်ကြောင်း” မှတ်စုစာအုပ်မှ ရေးသားထားပါတယ်။

“ကျေးဇူးပြုပြီး အိပ်ခန်း၌သာ အာသာဖြေကြပါ လုပ်ကြပါ” လို့ ၄င်းက အလေးအနက် ဖော်ပြထားပါတယ်။

အခုအချိန်ကျမှ အဆိုပါမှတ်တမ်းတွေ ဘာကြောင့်ပေါ်လာရသလဲ လို့ တစ်စုံတစ်ယောက် မေးကောင်းမေးပါလိမ့်မယ်။

သိရတာကတော့ ပိုက်လုံးတွေထဲ သုတ်ရည်တွေ အဆမတန် စွဲကပ်၊ ပိတ်ပြီးတစ်နေတာကြောင့် တက္ကသိုလ်အနေနဲ့ ပြုပြင်ထိန်းသိမ်းရာမှာ သျှီလင်ငွေ ထောင်သောင်းချီ သုံးစွဲခဲ့ရပါတယ်တဲ့။

ပေါ်ထွန်း - Trend Myanmar

မှတ်ချက်များ