လှေစီးဒုက္ခသည်များကို စိစစ်လက်ခံမည်ဟု မြန်မာအစိုးရပြော

ဓာတ်ပုံ- MOI
ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံများသို့ လှေစီးထွက်ခွာနေသည့် ဒုက္ခသည်များအရေးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံသားများဟုတ်မဟုတ် စိစစ်မှုများပြုလုပ်မည်ဖြစ်ကြောင်း မှန်ကန်ကြောင်း သက်သေအထောက် အထား ပြနိုင်ပါကလိုအပ်သည့် ကာကွယ်စောင့်ရှောက်မှု ပြုလုပ်သွား မည်ဖြစ်ကြောင်း သို့သော် ၎င်းတို့ကို ရခိုင်ပြည်နယ်မှ ထွက်ပြေးတိမ်းရှောင်နေ သည့် ဒုက္ခသည်များဟု မယူဆကြောင်း၊

ဤပြဿနာမှာ မြန်မာနှင့် ဘင်္ဂလားဒေရှ့် မှ လူများကို ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား သို့ ပို့ဆောင်နေသည် လူကုန်ကူး မှု၏ အကျိုးဆက်ဟု ရှု့မြင်ကြောင်း၊ 

ဤကိစ္စကို ဒေသတွင်းနိုင်ငံ များ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဟု ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ရန်ကုန်မြို့ မြန်မာနိုင်ငံငြိမ်း ချမ်းရေး ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC) ၌ ပြုလုပ်သည့် ပြည်ထောင်စု ၀န်ကြီးများနှင့် နိုင်ငံတကာသံတမန်များတွေ့ ဆုံပွဲတွင် ပြောဆိုလိုက်သည်။

ဧရာဝတီ


မှတ်ချက်များ