ရည်းစား ၁၇ ယောက် ထားတဲ့ တရုတ်အမျိုးသား အဖမ်းခံရ
တရုတ်နိုင်ငံမှာ အမျိုးသမီး လက်တွဲဖော် ၁၇ ယောက် တပြိုင်တည်း ထားတဲ့ အမျိုးသား တစ်ယောက်ကို လိမ်လည်မှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။
ဟူနန် ပြည်နယ်က အဲဒီ အမျိုးသားဟာ ပြီးခဲ့တဲ့လက မတော်တဆမှု ဖြစ်ခဲ့ပြီးနောက် သူ့ရဲ့ ဆေးရုံကုတင်ဘေးကို အဲဒီ အမျိုးသမီး ၁၇ ယောက်စလုံး ရောက်ရှိခဲ့ရာကနေ သူ့ရဲ့ အရှုပ်ထုပ် ပေါ်ပေါက်ခဲ့တာပါ။
သူ့ကို စွဲဆိုတဲ့ လိမ်လည်မှုကတော့ အဲဒီ အမျိုးသမီးတွေဆီကနေ ငွေကြေး တောင်းယူ သုံးစွဲမှုတွေနဲ့ ပတ်သက်တယ်လို့ ဒေသတွင်း သတင်းစာက ဖော်ပြပါတယ်။
မစ္စတာ ယွမ်လို့သာ ဖော်ပြတဲ့ အဲဒီ အမျိုးသားဟာ သူတွဲနေတဲ့ အမျိုးသမီး ၁၇ ဦးထဲက တစ်ယောက်နဲ့ ကလေးတစ်ယောက် ရရှိခဲ့ပြီး ဖြစ်သလို၊ နောက်တစ်ယောက်နဲ့လည်း လက်ထပ်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
BBC Burmese
http://www.bbc.com/news/world-asia-32796941

မှတ်ချက်များ