မော်ဒယ်လ်လောကကို တစ်ခေတ်ဆန်းစေမယ့် ၁၈ နှစ်အရွယ် ဦးနှောက်ဥာဏ်ရည် ဖွံ့ဖြိုးမှုနှေးကွေးတဲ့ရောဂါ ခံစားနေရတဲ့ ဝေဒနာရှင်
Madeline Stuart ဟာ အက,ကတာ၊ အားကစားလုပ်တာ နောက်ပြီး ပရိသတ်တွေရှေ့ ဖျော်ဖြေတင်ဆက်တာတွေကို ဝါသနာပါသူ တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ ခုဆို အသက် ၁၈ နှစ်အရွယ်တောင် ရှိနေပါပြီ။ သူမဟာ (Down syndrome) ဦးနှောက်ဥာဏ်ရည်ဖွံ့ဖြိုးမှုနှေးတဲ့ရောဂါရှိ အောင်မြင်လိုသူ မော်ဒယ်တစ်ယောက်လည်းဖြစ်ပါတယ်။ Stuart က American Horror Story မင်းသမီး Jamie Brewer ရဲ့ ခြေရာကို လိုက်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ Mamie Brewer ဟာ ဒီနှစ် အစောပိုင်းက New York Fashion Week ပြိုင်ပွဲမှာ ပါဝင်ခဲ့ဖူးတဲ့ Down syndrome ရောဂါနဲ့ ပထမဆုံး ပုဂ္ဂိုလ်ဖြစ်လာခဲ့ပါတယ်။
သူမ မော်ဒယ်လ် အလုပ်လုပ်ခြင်းဖြင့် ဦးနှောက်ဥာဏ်ရည်ဖွံ့ဖြိုးမှုနှေးကွေးတဲ့ရောဂါ (Down Syndrome) ဝဒနာရှင်တွေအပေါ် လူတွေရဲ့အမြင်ကို ပြောင်းလဲစေမယ်လို့ Stuart က မျှော်လင့်နေပါတယ်။ ပြီးတော့ အဲဒီလိုဖော်ထုတ်ခြင်းဖြင့် လူမှုအသိုင်းအဝိုင်းရဲ့ လက်ခံမှုကို ရရှိစေလိမ့်မယ်လို့လည်း သူမမျှော်လင့်ပါတယ်။ သူမနဲ့ Madeline ဖေ့စ်ဘွတ်ခ်ကို ကူညီစီမံပေးတဲ့ သူမမိခင် Rosanne ကတော့ သူတို့ရည်ရွယ်ချက်ပန်းတိုင်ကို လုံးဝရရှိနိုင်တယ်လို့ ယုံကြည်နေပါတယ်။
သူမ Facebook နဲ့ Instagram စာမျက်နှာတွေမှာ ဒီနှစ်အစောပိုင်းကမှ စတင်ခဲ့ပေမယ့်လို့ စုစုပေါင်း follower တစ်သိန်းကျော် ရှိနေပြီဖြစ်ပြီး ပရိသတ်ဆီက တုံ့ပြန်မှုကလည်း အပြုသဘောဆောင်လျက် ရှိနေပါတယ်။
Victor - Trend Myanmar

မှတ်ချက်များ