နီပေါငလျင်အတွက်လှူဒန်းခဲ့သောဆောင်အီဂွတ်(ဂျူမုံ)နှင့် အမြွှာသားသုံးဦး




မြန်မာပရိတ်သတ်တွေနှစ်သက်ခဲ့သောဂျူမုံဇာတ်လမ်းတွဲတွင်သရုပ်ဆောင်ခဲ့သောမင်းသားဆောင်အီဂွတ်
သည်အခုချိန်မှာတော့သားသုံးဦး၏ဖခင်တစ်ဦးဖြစ်နေပါပြီ။ဆောင်အီဂွတ်၏သား
တွေဖြစ်သော“ဒေးဟန်”၊“မင်ဂွတ်”၊“မန်ဆန်”အမြွှာသုံးဦးသည်တောင်ကိုးရီးယားနိုင်ငံတွင်လူကြိုက်များသော “The Returnof Superman”ရုပ်သံအစဉ်အစီ၏ ပင်တိုင်ဇာတ်ကောင်တွေဖြစ်ပါသည်။

သူတို့သုံးဦးကိုချစ်ခင်နှစ်သက်သောရုပ်သံကြည့်ပရိတ်သတ်တွေအလွန်များပါသည်။
မင်းသားဆောင်အီဂွတ်နှင့်အမြွှာသားသုံးဦးသည်နီပေါနိုင်ငံ၏ငလျင်ဘေးဒဏ်ခံစားနေသူများနှင်
့ကိုးရီးယားနိုင်ငံရှိနာမကျန်းဖြစ်နေသာကလေးငယ်တွေအတွက်အမေရိကန်ဒေါ်လာ၉၂၀၀၀ကို“Child Fund Korea”အဖွဲ့အစည်းမှ တဆင့် လှူဒန်းခဲ့ပါသည်။အလှူငွေတွေသည်ဆောင်အီဂွတ်နှင့်သူသားသုံးဦးတို့
အတူရိုက်ကူးခဲ့သောပြက္ခဒိန်များကိုရောင်းချလို့ရရှိလာခဲ့သောအကျိုးအမြတ်တွေကိုလှူဒန်းခဲ့တာဖြစ်ပါသည်။

ပြက္ခဒိန်ရိုက်ကူးရသည့်မူလရည်ရွယ်ချက်သည်စီးပွားဖြစ်ရောင်းချဖို့အတွက်မဟုတ်ခဲ့ပါဘူး။ရင်းနှီးတဲ့
သူငယ်ချင်းတွေကိုလက်ဆောင် ပေးဖို့နှင့်မိသားစုအတွက်အမှတ်တရဖြစ်ဖို့ရိုက်ကူးခဲ့တာဖြစ်ပါသည်။
ပရိတ်သတ်တွေကပြက္ခဒိန်ကိုနှစိသက်ကြတဲ့အတွက်ရောင်းချဖို့အတွက်ဆောင်အီဂွတ်တို့မိသားစုက
သဘောတူခဲ့တာပါ။ရောင်းချလို့ရတဲ့ငွေတွေအားလုံးကိုပရဟိတလုပ်ငန်းတွေအတွက်လှူဒန်းသွား ဖို့အတွက်ဆောင်အီဂွတ်ကပရိတ်သတ်တွေကိုကတိပေးခဲ့ပါသည်။

ဆောင်အီဂွတ်သည်လှူဒန်းခြင်းနှင့်ပတ်သတ်၍“ကျွန်တော်မှာလည်းကလေးတွေရှိတော့၊ကျွန်တော်
အရင်ဆုံးခံစားမိတာကတော့ရောဂါ ခံစားနေရတဲ့ကလေးငယ်တွေရဲ့ဘ၀ကိုပဲ။ဒါကြောင့်လှူဒန်းငွေတွေ
ကိုနီပေါငလျင်နှင့်တောင်ကိုးရီးယားနိုင်ငံမှာရှိတဲ့ရောဂါခံစားနေရတဲ့ကလေးငယ်တွေအတွက်လှူဒန်းခဲ့တာပါ။
”လို့ပြောကြားခဲ့ပါသည်။

ဆောင်အီဂွတ်သည်လူမှုရေးလုပ်ငန်းတွေကိုစိတ်ပါဝင်စားစွာလုပ်ဆောင်ခဲ့သောသရုပ်ဆောင်တစ်ဦးဖြစ်ပါ
သည်။သူစိတ်ဝင်စားသောပရဟိတလုပ်ငန်းတွေကိုသူ့သားတွေဆီမှာလည်းကိန်း
အောင်းနေဖို့လည်းမျှော်လင့်ထားပါသည်။

NewsWatch

မှတ်ချက်များ