၂၀၀၀ ကုဗစင်တီမီတာရှိတဲ့ ရင်သားကို အင်အားသုံးပြီး ငွေရှာနိုင်ခဲ့သူ






ထူးထူးဆန်းဆန်းနဲ့ ငွေရှာတဲ့ အမျိုး သမီးတဦးလို့ ဆိုရမှာပါ။ ကြီးမားလှပြီး အရွယ်အစား ၃၄M ရင်သားအမြွှာ စုံနဲ့ ပစ္စည်းတွေကို ခွဲချေပြပြီး ငွေရှာတဲ့ အလုပ်လုပ်နေပါတယ်။အမေရိကန် ပြည် ထောင်စု မက်ဆာချူးဆက်ပြည်နယ် ဘော့စတန်မြို့ကဆူဆန်ဆိုက်စ်ဆိုတဲ့အမျိုးသမီးဟာအသက်ကတော့၅၃ နှစ်ရှိပါပြီ။ ပြုပြင်ထားတဲ့ ရင်သားနှစ်မြွှာ အသုံးချပြီး စင်မြင့်ပေါ်မှာ ပြသတဲ့အခါ မှာBusty Heart ဆိုတဲ့ နာမည်နဲ့ ဖျော် ဖြေခဲ့တာ နှစ်ပေါင်း ၃၀ ရှိပြီလို့ ဆိုပါ တယ်။

ဒါပေမဲ့ မစ္စက်ဆူဆန်ဆိုက်စ်ဟာ ၀မ်းဗိုက်ကအဆီတွေခွဲထုတ်ပြီးကတည်းက အရစ်အရစ်တွေလိုဖြစ်နေတဲ့အတွက် ခွဲစိပ် ဆရာဝန်တွေဆီ အကူအညီတောင်းထား ရတယ်။ ရင်သားက ကြီးထွားလွန်းလို့ ကိုယ့်ဝမ်းဗိုက်ကိုတောင် ကိုယ်ပြန်ပြီး မမြင် ရဘူးလို့ ပြောပါတယ်။

မစ္စက်ဆိုက်ဟာ ပထမဆုံးအကြိမ်က သူမရဲ့ ရင်သားနဲ့ ပစ္စည်းတွေခွဲပြခဲ့တာ ဟာသမယ်တဦးဖြစ် ချင်လို့ပါလို့ ပြောခဲ့တယ်။ ပထမတော့ ပိုလိုစပိုင်ရင်းခွက်တွေနဲ့ သရုပ်ပြခဲ့တယ်။ ခွက်တွေကို ခွဲချေလို့ မြည်တဲ့အသံက ရယ်စရာကောင်းပါတယ်လို့ ပြောတယ်။

မစ္စက်ဆိုက်စ်က ဘီယာ၊ ဘူးခွံတွေလည်း သူမရဲ့ ရင်သားနဲ့ ပိန့်ရှုံ့သွားအောင်လုပ်ပြ နိုင်ခဲ့ပါသေးတယ်။ မစ္စက်ဆိုက်စ်ဟာ ဆီလီ ကွန်ထည့်တာ မတားမြစ်ခင် ၁၉၉၀ ပြည့် နှစ်ကတည်းက သူမရဲ့ ရင်သားနှစ်မြွှာကိုကုဗစင်တီမီတာ၂၀၀၀ ကျော်အောင် ပြုပြင်ခဲ့တာလို့ ပြောပါတယ်။

မစ္စက်ဆိုက်စ်ကသရုပ်ပြပွဲတခုမှာသူမရဲ့ညာဘက်ရင်သားတဖက်တည်းနဲ့ဖရဲသီးတလုံးကိုနှစ်ခြမ်းကွဲအောင်ခွဲပြခဲ့ပါသေးတယ်။
““ဆူဆန်ရဲ့ ကျွမ်းကျင်မှုကတော့ အထင်ကြီးလောက်စရာကောင်းရုံမကဘူး။ ဒီကျွမ်းကျင်မှုနဲ့ ငွေတွေ အများကြီးရှာနိုင် ခဲ့တယ်။ ဒါကြောင့် တခုခုဖြစ်လာမှာစိုးလို့ သူမရဲ့ ရင်သားတွေကို အာမခံထားတယ်”” လို့ ဆရာဝန်ဒေါက်တာ ဒူဘရိုက ပြောခဲ့ ပါတယ်။

““ကျွန်မဟာ ရတဲ့ငွေနဲ့ မိန်း-ကမ်း ခြေအလွန်က ကျွန်းငယ်လေးတကျွန်း ၀ယ်နိုင်ခဲ့တယ်။ အိမ်တလုံးဆောက်ထား တယ်။ ဒါ့အပြင် ဖော်ချွတ်ကလပ်တခု လည်း ဖွင့်ထားတယ်””လို့ မစ်္စက်ဆူဆန် ကပြောတယ်။ နှစ်ပေါင်းများစွာ ရင်သားနဲ့ သရုပ်ပြခဲ့လို့ ရင်သားနာကျင်တာတွေ မဖြစ်ခဲ့ပါဘူး။

ဘာကြောင့်လဲဆိုတော့ဂျယ်လီနဲ့တူတဲ့ရင်သားပြုပြင်ထားမှုကြောင့် ဖြစ်တယ်လို့ ပြောတယ်။ ဒါပေမဲ့ သူမရဲ့ ပြဿနာကတော့ အရေပြားကိုခွဲပြီး အဆီ ထုတ်တဲ့လုပ်ငန်းအပြီးအပြတ် မလုပ်ရသေး လို့ ၀မ်းဗိုက်အပေါ်ပိုင်းမှာ အခေါက်ထူ သလို ဖြစ်နေတယ်လို့ ပြောပါတယ်။

News Watch

မှတ်ချက်များ