တောင်သမန်အင်းအတွင်း ရေဆိုးစွန့်ပစ်သော စက်ရုံ သုံးခုကို အမှုဖွင့်


တောင်သမန်အင်း ရေ ညစ်ညမ်းမှုကြောင့် ငါးများသေ ဆုံးခဲ့ပြီးနောက် အင်းအတွင်းသို့ ရေဆိုးစွန့်ပစ်သည့် စက်ရုံသုံးခု ကို ငါးလုပ်ငန်းဦးစီးဌာနက အမှု ဖွင့်တရားစွဲဆိုလိုက်သည်။အမရပူရမြို့နယ် ငါးလုပ် ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူးက တရားလိုပြုလုပ်ကာ တောင်သ မန်အင်းအတွင်းသို့ ရေဆိုးစွန့်ပစ် သည့် စက်ရုံ သုံးခုကို ရေချိုငါးလုပ်ငန်းဥပဒေပုဒ်မ ၄၅ ဖြင့် မေလ ၄ ရက်က အမရပူရမြို့နယ်ရဲစခန်း၌ အမှုဖွင့်တရားစွဲဆိုထားသည်ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

တောင်သမန်အင်း ရေညစ်ညမ်းမှုကြောင့် ပြီးခဲ့သည့် ဧပြီ ၃၀ ရက်က ငါးများအစုလိုက် အပြုံလိုက် သေဆုံးခဲ့ပြီးအနည်းဆုံးကျပ်သိန်း၆,၀၀၀ ကျော်ဆုံးရှုံးနစ်နာခဲ့သည်ဟု
တောင်သမန်အင်းလုပ်ပိုင်ခွင့်ရထားသည့် အင်းသူကြီး ဦးချစ်ခိုင်က ပြောသည်။

ပြည်ကြီးတံခွန်မြို့နယ်ရှိ စက်ရုံအချို့သည် ရေဆိုးများကို ဆည်မြောင်းအမှတ် (၆) ရေပိုပစ် မြောင်းအတွင်း စွန့်ပစ်ပြီး ထို ချောင်းမှတစ်ဆင့် စက်ရုံမှ စွန့်ပစ် ရေဆိုးများသည် တောင်သမန် အင်းအတွင်း ၀င်ရောက်ခဲ့သည်။ ရေဆိုးများကြောင့် တောင်သမန်အင်းရေညစ်ညမ်းကာ ရေတွင်ပျော်ဝင်သည့်
အောက်ဆီဂျင်သုညမှတ်အထိ ကျဆင်းသွား၍ အင်းအတွင်း ငါးများ သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

စက်ရုံများ လည်ပတ်လုပ် ကိုင်ခြင်းမှာ မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီ၊ စက်မှု ဇုန်ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဌာန စသည့် ဌာနဆိုင်ရာများ၏ ခွင့်ပြုချက်လိုင်စင်ဖြင့် လည်ပတ်လုပ် ကိုင်ခြင်းဖြစ်ပြီးယခုကဲ့သို့အမှုဖွင့်ခံရခြင်းမှာမဖြစ်သင့်ကြောင်းစက်မှုဇုန်လုပ်ငန်းရှင်အချို့က ပြောသည်။

စက်ရုံများမှ စွန့်ထုတ်သော ရေဆိုးများ တောင်သမန်အင်းအ တွင်း ၀င်ရောက်လာမှုမရှိစေရန် ပြီးခဲ့သည့် မေလ ၁ ရက်မှစတင်ကာ ပရံတော်ချောင်းတစ်လျှောက်ရှိ ရေဆိုးစွန့်ပစ်သည့် စက်ရုံ ၁၇ ရုံကို စက်ရုံလည်ပတ်ခွင့်ယာယီပိတ်သိမ်းထားကြောင်းမန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ
ကော်မတီဝင် (၅) ဒေါက်တာသွင်ကျော်ကျော်က ပြောသည်။

စက်ရုံမှ စွန့်ပစ်ရေဆိုးများ သန့်စင်နိုင်ရန် ရေဆိုးသန့်စင်စက်ရုံကို လာမည့် ဇွန်လကုန်အပြီး တောင်အင်း မြောက်အင်းဒေသတွင် တည်ဆောက်မည်ဖြစ်ကာ စက်ရုံစွန့်ပစ်ရေဆိုးများ သန့်စင်ကာ ဒုဋ္ဌ၀တီမြစ်အတွင်း စွန့်ပစ်နိုင်ရန် စီစဉ်မည်ဟု ဆိုသည်။
လက်ရှိ တောင်သမန်အင်းအတွင်းသို့ ရေဆိုးစွန့်ပစ်နေသော စက်ရုံများသည် ယင်းသန့်စင်စက်ရုံသို့ ပိုက်လိုင်းများ သွယ်တန်းကာ စွန့်ပစ်ရမည်ဟု ၎င်းက ဆိုသည်။

7day

မှတ်ချက်များ