ပက္ကြီအို၏ ပခံုးဒဏ္ရာ ခွဲစိတ်ကုသရမည်


ဖိလစ်ပိုင်လက်ဝှေ့ကျော် မန်နီပက်ကွီအိုသည် ပခုံးအရွတ် စုတ်ပြဲမှု ဒဏ်ရာအတွက် ယခု သီတင်းပတ်အတွင်း ခွဲစိတ်ကုသမှု ခံယူရမည်ဖြစ်ပြီး ယင်း ဒဏ်ရာမှ ပြန်လည်သက်သာရန် အ ချိန်ယူရမည်ဖြစ်ကာ ၉ လမှ ၁၂ လအထိ လက်ဝှေ့ပြန်ထိုးနိုင်မည် မဟုတ်ကြောင်း ESPN သတင်း ဌာနက ဖော်ပြသည်။

ပက်ကွီအိုသည် စနေနေ့က လာ့စ်ဗီးဂတ်စ်မြို့ MGM Grand Garden တွင် လက်ဝှေ့သမိုင်း၏ ဆုကြေးအမြင့်ဆုံးပွဲ ထိုးသတ်ခဲ့ ပြီး မေ၀ယ်သာကို ရှုံးနိမ့်ခဲ့သည်။လာမည့် စက်တင်ဘာတွင် နောက်ဆုံးတစ်ကြိမ် ထိုးသတ် ၍ အနားယူတော့မည်ဟု မေ ၀ယ်သာက ပြောကြားခဲ့သဖြင့် ပက်ကွီအိုနှင့် ပြန်လည်ထိုးသတ် ရေးမှာ အလားအလာမရှိသ လောက် ဖြစ်နေသည်။

‘‘ကျွန်တော်တို့ MRT ဓာတ် မှန်ရိုက်ခဲ့ပြီး ပခုံးအရွတ် စုတ်ပြဲ နေတာ တွေ့ရပါတယ်။ ဒဏ်ရာ က တော်တော်ကြီးပါတယ်’’ ဟု အရိုးခွဲစိတ်အထူးကု ဆရာဝန် ကြီး နေးလ်အီယာထရက်ခ်ျက ESPN သတင်းဌာနအား ပြော ကြားသည်။

ရက်အတိအကျ မသတ်မှတ် ရသေးသော်လည်း ယခုသီတင်း ပတ်အတွင်း ပက်ကွီအို၏ ဒဏ် ရာကို ခွဲစိတ်မည်ဟု မျှော်လင့်ရ သည်။ပက်ကွီအိုသည် လေ့ကျင့် ရေးဆင်းနေစဉ် လွန်ခဲ့သော သီ တင်းနှစ်ပတ်ခွဲက ပခုံးဒဏ်ရာ ရရှိ ခဲ့ပြီး ယင်းမှာ မေ၀ယ်သာနှင့်ပွဲ၌ ထိုးသတ်မှုကို ထိခိုက်ခဲ့သည်ဟု ယင်းပွဲကို စီစဉ်ခဲ့သည့် Top Rank အဖွဲ့မှ ဘော့ဘ်အရွန်က မေ၀ယ်သာနှင့် ပွဲအပြီးတွင် ပြော သည်။

ဒဏ်ရာကို ဆေးဝါးကုသ ခြင်း၊ အနားယူခြင်း၊ စောင့်ကြည့် စစ်ဆေးခြင်းများဖြင့် ပက်ကွီအို မှာ ပွဲအတွက် အသင့်ဖြစ်နိုင်သည် ဟု ပက်ကွီအိုနှင့် ဆရာဝန်များက ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

7day

မှတ်ချက်များ