၁၄၅၉ နှစ်သက်တမ်းရှိ ဗုဒ္ဓဆင်းတု ဦးခေါင်းနှင့်ခန္ဓာကိုယ် ပြန်ပေါင်းစည်း




၁၄၅၉ နှစ် သက်တမ်းရှိပြီဖြစ်တဲ့ ကျောက်စိမ်း ဗုဒ္ဓဆင်းတုတော်ရဲ့ ဦးခေါင်းတော်နဲ့ ခန္ဓာကိုယ်တို့ကို ၁၈ နှစ်ကြာ ကွဲကွာနေတာ ပြန်လည်ပေါင်းစည်းတဲ့ အခမ်းအနားကို ထိုင်ဝမ် ဖိုဂေါင်ရှန်း ဘုန်းတော်ကြီးကျောင်းမှာ ဒီနေ့ ကျင်းပပါတယ်။

ထိုင်ဝမ်နဲ့ တရုတ်ပြည်မကြီးတို့ သဘောတူညီချက်အရ ဆင်းတုတော်ကို လာမယ့် နွေကျရင် တရုတ်ပြည်မကြီး ပြန်လည်ပို့ဆောင်ပြီး ဟီဘိုင် ပြည်နယ်က ပြတိုက်မှာ ပူဇော်ထားမှာဖြစ်ပါတယ်။
တရုတ်ပြည်မကြီးကို ပြန်မပို့ခင် ထိုင်ဝမ်မှာ သုံးလ လှည့်လည် အပူဇော်ခံဖို့လည်း ရှိပါတယ်။

ဗုဒ္ဓဆင်းတုတော်ကို စကျင်ကျောက်နဲ့ ထုလုပ်တာဖြစ်ပြီး ဟီဘိုင်ပြည်နယ်မှာ အစကတည်းက ပူဇော်ခံထားခဲ့ပါတယ်။

၁၉၉၆ ခုနှစ်မှာ ဦးခေါင်းတော် ပျောာက်ဆုံးသွားခဲ့ပါတယ်။

အခု ဦးခေါင်းတော်ကို ဖိုဂေါင်ရှန် ဆရာတော်က ပြန်လည်လှူဒါန်းဖို့ ၂၀၁၄ က ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

DVB

မှတ်ချက်များ