မြန်မာနိုင်ငံမှာအတိုးမယူဘဲ အရစ်ကျနဲ့ရောင်းပေးမယ့် Hyundai ကား
ဂျပန်ကားတွေထက် ဈေးသက်သာတဲ့ ကိုရီးယားကား စီးချင်သူတွေအတွက် အတိုးနှုန်းမယူဘဲ အရစ်ကျနဲ့ ရောင်းပေးနေတဲ့ Hyundai ကားတွေကို ကိုရီးယားမြန်မာသံတမန်ဆက်ဆံရေး နှစ် ၄၀ ပြည့်ကုန်စည်ပြပွဲမှာ ပြသနေပါတယ်။
နိုင်ငံခြားကားမျိုးစုံ မြန်မာနိုင်ငံရောက်ရှိနေတဲ့အချိန်မှာ Hyundai ကားတွေ ဈေးကွက်မှာအသာရအောင် ဘယ်လိုဝန်ဆောင်မှုတွေနဲ့ ကြိုးစားမှာလဲ။
Hyundai ကားတွေကို ပြပွဲမှာပဲဖြစ်ဖြစ် Show Room တွေမှာပဲဖြစ်ဖြစ် ဝယ်ယူလိုတဲ့သူတွေအတွက် အတိုးနှုန်းမယူဘဲ အရစ်ကျငွေ ပေးချေစနစ်နဲ့ ရောင်းချပေးတဲ့ အစီအစဉ်တွေရှိတဲ့အပြင် ကားဝယ်သူတွေအတွက် လျော့ဈေးတွေပေးသွားမယ်လို့ Marketing Manager ကိုမျိုးဝင်းကပြောပါတယ်။
ကိုရီးယားမြန်မာ သံတမန်ဆက်ဆံရေး နှစ် ၄ဝ ပြည့်အထိမ်းအမှတ်မှာ ကိုရီယားထုတ်ကုန်ဖြစ်လို့ ဝင်ရောက်ပြသတဲ့ Hyundai ကားတွေကို Show Room မှာတော့ မော်ဒယ် ၁ဝ မျိုးလောက်ပြထားနိုင်ပေမယ့် အခု MEP မှာလုပ်တဲ့ ပြပွဲမှာတော့ နေရအခက်အခက်ကြောင့် အမျိုးအစား ၅ မျိုးလောက်ပဲ ပြထားနိုင်တယ်လို့ ဆိုပါတယ်။
အခုပြပွဲနဲ့ Show Room ဘယ်မှာပဲဝယ်ဝယ် Hyundai ထုတ် Elantra နဲ့ i30 ကို သုံးနှစ်အရစ်ကျ အတိုးနှုန်းမပေးဘဲဝယ်ယူနိုင်ပြီး Santafe နဲ့ Azera တွေအတွက် ၂ နှစ်အရစ်ကျနဲ့ဝယ်မယ်ဆို အတိုးနှုန်းပေးစရာမလိုဘဲ ၃ နှစ်အရစ်ကျဆိုရင်တော့ အတိုးနှုန်းပေးရမယ်လို့ ရှင်းပြပါတယ်။
တခြား H-1 နဲ့ H100 လိုကားမျိုးတွေကိုတော ပုံမှန်ဈေးနဲ့ရောင်းချပေးနေတဲ့အပြင် Hyundai ရဲ့ ဘယ်အမျိုးအစားကားကိုမဆို ဝယ်သူတွေအတွေက် ၃ နှစ်အတွင်း ကီလိုမီတာတစ်သိန်းမောင်းနှင်နိုင်မယ့် အာမခံပေးထားသလို Show Room ကို Service Center နဲ့တွဲဖွင့်ထားတာကြောင့် ကားအပိုပစ္စည်းတွေလည်း အလွယ်တကူဝယ်ယူနိုင်တယ်လို့ ဆိုပါတယ်။ ကိုရီးယားထုတ် Hyundai ကားတွေဟာ ဂျပန်ကားတွေထက် ဈေးပိုချိုပြီး သူ့ဈေးနဲ့သူ အရည်အသွေး မျှတတာကြောင့် ဝယ်သူသင့်တယ်လို့ ကိုမျိုးဝင်းကပြောပါတယ်။

မှတ်ချက်များ