ကျည်ဒဏ်ခံ မှန်သားနဲ့ ဖုန်းတွေ လာတော့မည်



ကျည်ဆန် ဒဏ်လည်းခံနိုင် ထွင်းဖောက်ပြီးလည်း မြင်နိုင်သော အကြည်သား မှန်ပြားမျိုးကို အမေရိကန် စစ်ဘက် သိပ္ပံပညာရှင်များက တီထွင်လိုက်နိုင်ပြီဟု သိရသည်။ ထိုနည်းပညာကြောင့် နောင်မျိုးဆက် စမတ်ဖုန်းများသည် ကျည်ဒဏ်ပါ ခံနိုင်အောင် မာကျောသည့် မှန်များဖြင့် ထုတ်လုပ်နိုင်ဖို့ ရှိသည်။

မှန်အသစ်သည် မဂ္ဂနီဆီယံနှင့် အလူမီနီယံ အခြေခံသော ဓာတ်သတ္တု တစ်မျိုးဖြစ်သည့် “စပိုင်နယ်” ကို ရောစပ်ကာ ပြုလုပ်ထားခြင်း ဖြစ်သည်။ လက်ရှိ ကျည်ကာမှန်များထက် ပိုမာကျောသလို၊ များစွာလည်း ပိုပေါ့ပါးသည်။ ယခု နည်းပညာကြောင့် မော်တော်ယာဉ်များ၊ လေယာဉ်များတွင် ကျည်ကာမှန်ကို ခပ်ပါးပါး အကြည်သား မှန်ချပ်ဖြင့်လည်း လုပ်နိုင်သွားမည် ဖြစ်သည်။ ခြစ်ရာ မထင်သော ကင်မရာ မှန်ဘီလူးများ၊ ဘယ်လောက် ပြုတ်ကျကျ မကွဲသည့် စမတ်ဖုန်း ဖန်သားပြင်များလည်း ထုတ်လုပ်နိုင်မည် ဖြစ်သည်။

ဝါရှင်တန်ရှိ အမေရိကန် ရေတပ် သုတေသန ဓာတ်ခွဲခန်းမှ ဒေါက်တာ ဂျက်စ်ဆန်ဟာရာနှင့် အဖွဲ့က မှန် အမျိုးအစားသစ်ကို တီထွင်နိုင်ခဲ့ခြင်း ဖြစ်သည်။

messenger

မှတ်ချက်များ