![]() |
| ဓါတ်ပုံ - ဖိုးအေး(ပန်းတောင်း) |
ဖြစ်စဉ်မှာ ပန်းတောင်မြို့နယ် ထုံးဘိုနယ်မြေရဲစခန်း အနောက်မြောက်ဘက်(၅)မိုင်ခန့် လှည်းကူးအုပ်စု သရက်ခုံကျေးရွာနေ ဦးဥာဏ်ထွန်း (၈၉)နှစ် (ဘ)ဦးငွေထက် တောင်သူ လုပ်သူ၏ နေအိမ်မီးဖိုချောင်မီးဖို မီးကြွင်းမီးကျန်မှတဆင့် ၄င်းပိုင်နေအိမ်(၃)ပင်ပတ်လည်၊ သက္ကယ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း အားမီးကူစက်လောင်ကျွမ်းခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။
ထို့နောက် ဦးဥာဏ်ထွန်း နေအိမ်မှတဆင့် အနီးပတ်ဝန်းကျင်ရှိ နေအိမ်(၂၀)လုံး မီးကူး စက် လောင်ကျွမ်းခဲ့ရာ(၉၇၀၀၀၀၀)ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် အများပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ဆို၏။
အဆိုပါ မီးလောင်မှု ဖြစ်ပွားရာသို့ ဥသျှစ်ပင် ၊ ထုံးဘို၊ ကွင်းလှ၊ ကျားအိုမှ မီးသတ်ကားများ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူလူထုများ ရောက်ရှိ၍ ဝိုင်းဝန်း မီးငြိမ်းသတ်ခဲ့ကျသဖြင့် နေ့လည်(၁)နာရီအချိန့်တွင် မီးငြိမ်းသွားခဲ့ပြီး မီးဘေးသင့် ဒုက္ခသယ်ကျား(၃၇)ဦး ၊ မ(၄၇)ဦး အား သရက်ခုံကျေးရွာ ဘုန်းကြီးကျောင်းအတွင်း ကယ်ဆယ်ရေး စခန်း ဖွင့်လှစ် ထားရှိကြောင်း သိရသည်။
ထို့ကြောင့် မီးပေါ့ဆစွာသုံးစွဲသူ ဦးဥာဏ်ထွန်းအား အရေးယူပေးပါရန် ရဲတပ်ကြပ်ကြီးတင်ဝင်းမှ တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် ထုံးဘို နယ်မြေရဲစခန်း(ပ)၃၈/၂၀၁၅ ပြစ်မှုပုဒ်မ-၂၈၅ ဖြင့်အမှုဖွင့်ထားရှိကာ အမှုအား ဒုရဲအုပ်ဇော်မင်းဦး မှ လက်ခံစစ်ဆေးလျှက်ရှိကြောင်း သတင်း ရရှိသည်။
ပြည့်သဲမောင်(ပြည်)
.jpg)
မှတ်ချက်များ