နေ့တိုင်း မြေအောက်ရထား ပုံမှန်စီးနေကျ လုပ်ရိုးလုပ်စဉ် ငြီးငွေ့သူတွေအတွက် တရုတ်ပြည်အရှေ့ပိုင်း Jiangsu ပြည်နယ်ရဲ့ မြို့တော် Nanjing က မြေအောက်ရထား စီးရတာ စိတ်လှုပ်ရှားဖွယ်ဖြစ်စေမယ့် နည်းလမ်းတစ်ခု တွေ့ရှိထားပါတယ်။
မြေအောက်ရထားတစ်စီးကို ပန်းတွေ အပြည့်ပွင့်နေတဲ့ ဥယျာဉ်တစ်ခုကဲ့သို့ ဒီဇိုင်းဆွဲ ဖန်တီးထားပါတယ်။ 3D နည်းပညာ အသုံးပြုကာ ဒီဇိုင်နာတွေက ရထားတွဲ ၆) တွဲကို ခရမ်းပြာနုရောင်နဲ့ ချယ်ပန်းပွင့်စတဲ့ ပန်းတစ်မျိုးစီနဲ့ ဆေးသုတ် အလှတန်ဆာဆင်ထားပါတယ်။
ပေါ်ထွန်း - Trend Myanmar

မှတ်ချက်များ