ဘာသာစကားနှစ်မျိုး ပြောတတ်တဲ့ အမျိုးသားတွေဟာ တစ်ချိန်မှာ အားကိုးအားထားပြုရမယ့် အိမ်ထောင်ဦးစီးကောင်းတွေ ဖြစ်လာတတ်
အမျိုးသမီးတွေဟာ ကိုယ့်ဘာသာမဟုတ်တဲ့ ဘာသာစကားတစ်ခုခုကို ပြောနိုင်ဆိုနိုင်တဲ့သူတွေကို ကြွေတတ်တဲ့သဘောရှိကြပါတယ်။ အင်္ဂလိပ်စကားမဟုတ်ပဲ ပြင်သစ်ဖြစ်ချင်ဖြစ်မယ်၊ အီတလီဖြစ်ချင်ဖြစ်မယ် စသဖြင့်ပေါ့လေ။ အဲ့ဒီလို ဘာသာစကားနှစ်မျိုး ပြောဆိုနိုင်တဲ့ အမျိုးသားတွေဟာ ဆွဲဆောင်မှုရှိတယ်လို့လည်း သူတို့ထင်ကြလေ့ရှိပါတယ်။ ဒီလိုအမျိုးသားတွေမှာ အခြားအားသာချက်တွေလည်း ရှိနေသေးတယ်လို့ ခုသိပ္ပံပညာရှင်တွေက ဆိုလိုက်ပါပြီ။ အဲ့ဒီအားသာချက်တွေကတော့
၁။သူတို့တွေဟာ သာမာန်အမျိုးသားတွေထက် စမတ်ကျတယ်။
လူတစ်ယောက်ဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုကင်းမဲ့နေမယ်ဆိုရင် အလိုလိုကို ကြည့်လို့မကောင်းတော့ပါဘူး။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့လူတွေဟာ စမတ်ကျကျနဲ့ ရုပ်မချောရင်တောင် ဆွဲဆောင်မှုတစ်ခုရှိနေတယ်လို့ ထင်ရပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရတော့ ကလေးဘ၀ကတည်းက ဘာသာစကားနှစ်ခုကို တတ်မြောက်နေတဲ့သူတွေဟာ အရည်အချင်းကောင်းတွေ ပိုင်ဆိုင်တတ်ကြသလို လိင်ဆွဲဆောင်မှုလည်း ရှိပါတယ်တဲ့။
၂။အသက်တွေကြီးတဲ့အထိ ပျော်ရွှင်စွာ နေကြရဖို့များတယ်။
ဘာသာစကားနှစ်မျိုးပြောနိုင်တဲ့သူတွေဟာ အသက်ကြီးတဲ့အခါ ဖြစ်လေ့ရှိတဲ့ မှတ်ဥာဏ်နဲ့ပတ်သက်တဲ့ ရောဂါဝေဒနာတွေ သိပ်မခံစားကြရဘူးလို့ လေ့လာတွေ့ရှိချက်က ဆိုပါတယ်။ ဒီတော့ အသက်တွေကြီးတဲ့အထိ ကိုယ်ချစ်ရတဲ့သူတွေနားမှာ မခွဲမခွာနေနိုင်ဖို့ များပါတယ်။
၃။အခြားသူတွေထက်ပိုပြီး ပွင့်ပွင့်လင်းလင်း ရှိကြတယ်။
ကိုယ့်မိဘတွေကြောင့်ဖြစ်စေ၊ ကိုယ်တိုင်သင်ယူတတ်မြောက်ထားတာပဲ ဖြစ်စေ ဘာသာစကားနှစ်မျိုး ရေးဖတ်ပြောတတ်သူတွေဟာ သာမာန်လူတွေနဲ့ တွေးခေါ်ပုံချင်း မတူပါဘူး။ သူများတွေ မတွေးတဲ့ ရှုထောင့်ကလည်း တွေးခေါ်တတ်ကြသူတွေပါ။ ဗဟုသုတပိုင်းမှာလည်း ပိုသိတတ်ကြပါတယ်။ ဒါ့ကြောင့် သူတို့စိတ်နေစိတ်ထားတွေဟာ ပွင့်ပွင့်လင်းလင်းနဲ့ ဆက်ဆံရအလွန်ကောင်းတယ်လို့ လေ့လာတွေ့ရှိချက်အရ ဖော်ပြထားပါတယ်။
၎။ဖန်တီးနိုင်စွမ်းအား မြင့်ကြတယ်။
ဘာသာစကားနှစ်မျိုးတတ်တဲ့ သူတွေဟာ ပြသနာတစ်ခုဖြစ်လာတဲ့အခါ ဘယ်လိုဖြေရှင်းရမယ်ဆိုတာကို အလွယ်တကူ စဉ်းစားနိုင်ကြပြီး ဖန်တီးနိုင်စွမ်းအားကလည်း မြင့်မားတယ်လို့ ဆိုပါတယ်။
ဟန်နီ - Trend Myanmar

မှတ်ချက်များ