Mayweather နဲ့ Pacquiao တို့ရဲ့ လက်ဝှေ့ပွဲကို 8 bit ဗီဒီယို ဂိမ်းအဖြစ် ဆော့နိုင်မည်


စနေနေ့ညက ကျင်းပပြုလုပ်ခဲ့တဲ့ ရာစုနှစ်တစ်ခုရဲ့ အကြီးကြယ်ဆုံး ထိုးသတ်ပွဲလို့ တင်စားခေါ်ဝေါ်ရတဲ့ Mayweather နဲ့ Pacquiao တို့ရဲ့ လက်ဝှေ့ပွဲက တစ်ကမ္ဘာလုံးက လက်ဝှေ့ ပရိတ်သတ်တွေကို ဆွဲဆောင်နိုင် ခဲ့သလိုပဲ အခုလည်း ဗီဒီယို ဂိမ်းတစ်ခုနဲ့ အတူ ထပ်မံ ဆွဲဆောင်လိုက်ပြန်ပါပြီ။

လက်ဝှေ့ပွဲပြီးသွားခဲ့ပေမယ့် လူတွေရဲ့ ဝေဖန်မှုတွေက မရပ်ခဲ့ပါဘူး။ သူတို့ ၂ ယောက်လည်း သက်ဆိုင်ရာ ဆုကြေးတွေရပြီး အိမ်ပြန်သွားကြပါတယ်။ အခုထိ ဒီလက်ဝှေ့ပွဲကို မမေ့နိုင်သေးတဲ့ လူတွေအတွက် တော့ အင်တာနက် ကတစ်ဆင့် ဂိမ်းနဲ့ နှစ်သိမ့်နိုင်ကြမှာပါ။

အဲဒီဂိမ်းကတော့ classic NES ဂိမ်းတစ်ခုဖြစ်တဲ့ Punch-Out ဆိုတဲ့ 8 bit ဂိမ်းလေးတစ်ခုပါ။ အဲဒီဂိမ်းလေးထဲမှာတော့ Mayweather ကို ဖြစ်စေ Pacquiao ကို ဖြစ်စေ သင်ကြိုက်တဲ့လူ ကို အနိုင်ပေးလို့ ရနိုင်မှာပါ။

ထိုးသတ်ပွဲကို ဆော့ပြီးသွားရင်တော့ ရေပန်းအစားဆုံး အခိုက်အတန့်ဖြစ်ခဲ့တဲ့ ပြုံးရယ်နေတဲ့ Mayweather က ရုပ်တည်နဲ့ Pacquiao ကို ဖက်ပြီး နှုတ်ဆက်တဲ့ မြင်ကွင်းကိုတွေ့ရမှာပါ။

Mario - Trend Myanmar

မှတ်ချက်များ