ခင်ဦးမြို့နယ်၊ မြကန်သာရပ် စိုက်ပျိုးရေး ရုံးဝင်း အတွင်း၌ ယခုလ(၂၇) ရက်နေ့ ည (၉) နာရီခွဲ အချိန်တွင် စိုက်ပျိုးရေး ဒုတိယ လက်ထောက် ဦးစီးမှူးတစ်ဦးသည် ကိုယ့်ကိုယ်ကိုယ် မီးရှို့ကာ သေကြောင်း ကြံစည် သဖြင့် သေဆုံးသွာခဲ့ ရကြောင်း တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေး ၀န်ကြီးဌာနထံမှ သိရသည်။
အဆိုပါ စိုက်ပျိုးရေးဒုတိယ လက်ထောက် ဦးစီးမှူးဖြစ်သူ ကိုလွမ်းမိုးသူ(၂၈) နှစ်သည် ခင်ဦး မြို့နယ်၊ စိုက်ပျိုးရေး ဦးစီးဌာနတွင် အလုပ် လုပ်ကိုင်နေပြီး အခင်းဖြစ်ပွားသည့်နေ့ တွင် မြို့နယ်စိုက်ပျိုးရေးရုံး ၀င်းရှေ့ ကွင်းပြင်၌ အရက်သေစာများ အလွန်အကျွံ သောက်စားကာ စိတ်မူမှန်ချိန်တွင် ကိုယ်တွင် ၀တ်ဆင် ထားသည့် အင်္ကျီနှင့် ပုဆိုးတို့အား မီးခြစ်ဖြင့် မီးရှို့ခဲ့ရာမှ တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း အဆိုပါဌာနထံမှ သိရသည်။
ယင်းသို့ကိုယ့်ကိုယ်ကိုယ် မီးရှို့မှုကြောင့် တစ်ကိုယ်လုံးတွင် မီးလောင် ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့သည့် အတွက် ရွှေဘိုမြို့ဆေးရုံ ကြီးတွင် တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ရကြောင်း မှုခင်းမှတ်တမ်များ အရ သိရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ခင်ဦးမြို့မ ရဲစခန်းမှ ကိုယ့်ကိုယ်ကိုယ် မီးရှို့ကာ သေကြောင်း ကြံစည်မှုနှင့် ပတ်သက်၍ ဒုတိယ လက်ထောက် ဦးစီးမှူးအား (ပ) ၉၆/၂၀၁၅ ပြစ်မှု ပုဒ်မ (၃၀၉) ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်းကို အဆိုပါ ဌာနထံမှ ထပ်မံ သိရသည်။
လင်းလင်းမောင် - The Messenger Media
ပင်မ
/
ခင်ဦးမြို့နယ်၊ စိုက်ပျိုးရေး ဒုတိယ လက်ထောက် ဦးစီးမှူး ကိုယ့်ကိုယ်ကိုယ် မီးရှို့သဖြင့် သေဆုံး

မှတ်ချက်များ