| ကော်လိုရာဒိုပြည်နယ်မှာ တွေ့ရတဲ့ ခြေထောက်ပါတဲ့ငါး |
| မက္ကဆီကိုမှာတွေ့ရတဲ့ axolotl အကောင် |
ထို သတ္တ၀ါကတော့ ခန္ဓာကိုယ်က ကြီးမားတဲ့ Silver Fish (ငွေငါး) ခန္ဓာကိုယ် ဖြစ်ပြီး သူ့မှာ ပုတ်သင်ညိုတွေလို ခြေထောက်တွေပါနေပါတယ်။
ထို သတ္တ၀ါကို ကော်လိုရာဒို ပြည်နယ် မှာ ရှိတဲ့ ရေကန်ငယ်ထဲမှာ သေနေတာကိုတွေ့ခဲ့ရတာပဲဖြစ်ပါတယ်။
ထိုဓါတ်ပုံကို Bobby Kent ဆိုသူက imgur မှာ တင်ထားခဲ့တာဖြစ်ပြီး "ငါ့အိမ်နီးချင်းတစ်ယောက်ကဒါကိုကော်လိုရာဒိုပြည်နယ်က ရေကန်ငယ်အတွင်းမှာတွေ့လာတာ၊ဒါဘာကြီးလဲ" ဆိုပြီးရေးသားခဲ့တာဖြစ်ပါတယ်။
အင်တာနက်သုံးစွဲသူ အများစုကတော့ ဒါကို သမုဒ္ဒရာ ကနေ ကုန်းမြေပေါ်ကို ပေါ်ထွက်လာတဲ့ ပထမဆုံး တိရိစ္ဆာန် အဖြစ် အသစ်ဖြစ်တည်မှု တစ်ခုအနေနဲ့ သတ်မှတ်ခဲ့ကြပါတယ်။
ဘာပဲဖြစ်ဖြစ် axolotl အကောင်တွေနဲ့ ဆင်တူတဲ့ သတ္တ၀ါ ဟာ သေနေပြီး အလောင်းက မျောနေပြီဖြစ်ပါတယ်။ axolotl ဆိုတာဟာ မက္ကဆီကို က လမ်းလျှောက်နိုင်တဲ့ ငါး အမျိုးအစားဖြစ်ပြီး အိမ်မွေးတိရိစ္ဆာန် အဖြစ်လည်း မွေးမြူကြပါတယ်။
Ref : Mirror
မှတ်ချက်များ