Credit Card အရွယ်အစားနဲ့ Arduboy ဂိမ်းစက် တစ်မျိုး ထွက်ပေါ် လာ
ဂိမ်းဘွိုင်း ဆော့ရတာ ကြိုက်တဲ့ သူတွေအတွက် Credit Card အရွယ်အစားနဲ့ ဗီဒီယို ဂိမ်းဆော့လို့ရမယ့် Arduboy လို့ခေါ်တဲ့ ဂိမ်းစက် တစ်မျိုး ထွက်ပေါ် လာပြီး ထို စက်နဲ့ ဗီဒီယို ဂိမ်းတွေပါ ဖန်တီးနိုင်တယ်လို့ သိရပါတယ်။
ဆယ်ကျော်သက်တွေကို ဆွဲဆောင်နိုင်မယ့် ဒီဂိမ်းစက်ဟာ Game Boy နဲ့ အသွင်အပြင်နဲ့ ခလုတ် တွေ တူညီကြပြီး ထို Arduboy ဂိမ်းစက်အတွက် Maruino ဆိုတဲ့ ဂိမ်းဟာလည်း ဂိမ်းဘွိုင်း အတွက် Super Mario Land ဂိမ်းနဲ့ တည်ဆောက်ဖန်တီးထားပုံခြင်း သွားတူနေပါတယ်။ အမှန်တစ်ကယ်တော့ Arduboy ဆိုတဲ့ ဂိမ်း ဟာလည်း ဂိမ်းဘွိုင်းရဲ့ Pokemon နဲ့ တစ်ပုံစံတည်း တူညီနေပါတယ်။
ဒါပေမယ့် Online Library ကနေတော့ ရှေးကျတဲ့ ဂိမ်းအမျိုးမျိုးကို ရွေးချယ်ပြီးဆော့နိုင်လိမ့်မယ် လို့လည်းသိရပါတယ်။
ထို Arduboy ဂိမ်းစက်ကို Arduino ဆိုတဲ့ ကိုယ့်အားကိုယ်ကိုး နည်းပညာ ကနေ တည်ဆောက်ထားတာဖြစ်ပြီး Arduino ရဲ့ အဓိပ္ပာယ်ကတော့ မိမိစိတ်ကြိုက် ဂိမ်းတစ်ခုကို ကိုယ်တိုင် လွယ်ကူစွာ ဖန်တီးနိုင်တာပဲဖြစ်ပါတယ်။ ထိုဂိမ်းစက်လေးကို အသုံးပြုပြီး ကွန်ပျူတာ ပရိုဂရမ်းမင်း ကိုလည်း လေ့လာလို့ရနိုင်ပါတယ်။
"လွန်ခဲ့တဲ့တစ်နှစ်က ဒီဂိမ်းရဲ့ ပရိုတိုတိုက်ပ် တွေကို ကျွန်တော် YouTube မှာတင်လိုက်တယ်။ တစ်သန်းရဲ့ တစ်ဝက်လောက် ၀င်ကြည့်သွားကြတယ်။ ကျွန်တော့်ဆီကိုလည်း အီးမေးလ် တစ်ထောင်လောက်ရောက်လာတယ်။ ကျွန်တော်လည်း အလုပ်ကထွက်ပြီး ဒီဂိမ်းကိုထုတ်လုပ်ဖို့ တရုတ်ပြည်ကိုသွားခဲ့ပါတယ်" လို့ Arduboy ဂိမ်းစက်ကို ဖန်တီးခဲ့တဲ့ Kevin Bates က ဆိုပါတယ်။
ထို Arduboy ဂိမ်းစက်ကို Kickstarter ကတစ်ဆင့် ၀ယ်ယူမယ်ဆိုရင် ၃၉ ဒေါ်လာသာ ကျသင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။
Mario - Trend Myanmar
မှတ်ချက်များ