ခရုသင်း၊ သမင်ဖြူ အရေပြားရောဂါကို ရာသက်ပန်ပျောက်ကင်းအောင် ကုသနိုင်မည့် ကုထုံးသစ်ဖြင့် မြန်မာနိုင်ငံတွင် ကုသနိုင်ပြီ


ခရုသင်း၊ သမင် ဖြူအရေပြားရောဂါကို ရာသက်ပန် ပျောက်ကင်းအောင် ကုသနိုင်မည့် ကုထုံးသစ်ဖြင့် မြန်မာနိုင်ငံတွင် ကု သနိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါကုထုံးမှာ ဆံသားမှ ဆဲလ်များဖြင့်ကုသခြင်းဖြစ်ပြီး ကမ္ဘာ တွင်လည်း ယခုလက်ရှိတွင် နောက် ဆုံးတီထွင်ထားသည့်ကုထုံးတစ်ခု ဖြစ်ကြောင်း အရေပြားနှင့် ကာလ သားရောဂါ အထူးကုဆရာဝန်ကြီး ဒေါက်တာမြင့်မြင့်စန်းက ပြော သည်။

''ဒီကုထုံးဟာဆိုရင် ဆံပင်ကို နုတ်ပြီးတော့ ဆံပင်အနက်ရောင်မှာ ပါတဲ့ ရောင်ခြည်ဆဲလ်တွေနဲ့ ခရုသင်း (သမင်ဖြူ)နေရာလေးတွေကို ကပ် ပြီး ကုသပေးတာဖြစ်ပါတယ်''ဟု ယင်းက ဆိုသည်။

ခရုသင်း၊ သမင်ဖြူ (Vitiligo) ဆိုသည်မှာ အရေပြားပေါ်တွင် သ ဘာဝအရောင်အချို့ (အမည်းရောင် ခြယ်ဆဲလ်များ)ချို့တဲ့သွားသော နာ တာရှည်အရေပြားရောဂါတစ်မျိုး ဖြစ်သည့်အတွက်ကြောင့် အရေပြား ပေါ်တွင် နို့နှစ်ရောင် (သို့မဟုတ်) အဖြူရောင်အကွက်များ ပေါ်လာ ခြင်းဖြစ်သည်။ ခရုသင်းရောဂါဖြစ် ရသည့် အကြောင်းရင်းများစွာ ရှိသည့်အနက် အများစုမှာ လူ့ခန္ဓာ ကိုယ်၏ ကိုယ်ခံအားစနစ် လုပ် ဆောင်ချက် ချို့ယွင်းခြင်းနှင့် မျိုးရိုး ဗီဇတို့ကြောင့်ဖြစ်ကြောင်း သိရ သည်။

ယင်းသို့ဖြစ်ရသည့် တခြား သောအကြောင်းအရာများမှာ စိတ် ဖိစီးမှုများခြင်း၊ Chemical Agents နှင့် ထိတွေ့မှုများ၊ ဗိုင်းရပ်စ်ပိုးမွှား များ အစရှိသည်တို့ကြောင့်လည်း ဖြစ်တတ်ကြောင်း သိရသည်။

''ဘေးထွက်ဆိုးကျိုးအနေနဲ့ တော့ မရှိပါဘူး။ ဘာလို့လဲဆိုတော့ တစ်ပတ်တိတိ ဆေးရုံမှာထားတယ်။ မျက်စိအောက်မှာပဲ ထားတယ်။ နေ့ တိုင်းလဲ ကာကွယ်ဆေးထိုးရတယ်။ ငါးရက်မြောက်ရင် ပတ်တီးဖြေရ တယ်။ ဘာဆိုးကျိုးမှတော့ မရှိဘူး''ဟု ဒေါက်တာမြင့်မြင့်စန်းက ဆက် လက်ပြောသည်။

ယင်းကုထုံးသည် လူနာတစ်ဦး နှင့်တစ်ဦး ပျောက်ကင်းသည့်အချိန် ကွာခြားတတ်ကြပြီး တချို့လူနာ များသည် အချိန်တိုအတွင်း ပျောက် ကင်းတတ်သော်လည်း တချို့လူနာ များသည် အနည်းငယ် ကြာတတ် ကြောင်းနှင့် ယခင်က အင်မတန် ကုသရခက်ခဲသည့် နှုတ်ခမ်း၊ လက် ထိပ်၊ ခြေထိပ်၊ ရင်သား စသည့် နေရာများရှိ ခရုသင်းများကိုပါ ကုသ ပျောက်ကင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

''အရေးအကြီးဆုံးကတော့ ခွဲ စိတ်ကုသပြီးတဲ့အချိန်မှာ ငြိမ်ငြိမ် လေးနေရတယ်။ ကျွန်မတို့က ဆဲလ် လေးတွေယူပြီးတော့ ဖြစ်တဲ့နေရာမှာ သွားကပ်တာဖြစ်တဲ့အတွက် လက် မှာကပ်ရင်လဲ လက်ကိုငြိမ်ငြိမ်လေး ထားရတယ်။ မျက်နှာဆိုရင်လဲ မျက် နှာကို ငြိမ်ငြိမ်လေး ထားရတယ်။ ဘယ်နေရာမှာပဲ ပြန်ကပ်ကပ် ကပ် လိုက်တဲ့နေရာမလှုပ်ဖို့က အရေးကြီး ပါတယ်''ဟု ယင်းက ထပ်မံပြော သည်။

အထူးသဖြင့် ၄၈နာရီအတွင်း မလှုပ်မိရန် အလွန်အရေးကြီးပြီး ယင်း ၄၈နာရီအတွင်း လှုပ်ရှားမိပါ က ဆဲလ်နေရာများ ရွေ့သွားခြင်း၊ ပျောက်သွားခြင်းများ ဖြစ်ပေါ်လာ ပါက မကောင်းမွန်ကြောင်းနှင့် ယခု ကဲ့သို့ နောက်ဆုံးပေါ်နည်းပညာဖြင့် ခရုသင်း(သမင်ဖြူ)ရောဂါကို ကု သလိုက်ခြင်းဖြင့် နဂိုအသားအရေ အတိုင်း ပြန်လည်ရရှိနိုင်မည်ဖြစ် ကြောင်း သိရသည်။

''နဂိုအသားအရေအတိုင်း ပြန် ဖြစ်သွားတယ်။ တချို့ကျတော့လဲ ပျောက်ခါစမှာ နည်းနည်းပိုရင့်တာ ပေါ့(နည်းနည်းပိုညိုခြင်း)။ နောက် ပိုင်းကျရင်တော့ သဘာဝအတိုင်းပဲ ပြန်ဖြစ်ပါတယ်။ ကျွန်မလဲ အမြဲပြော ပါတယ်။ အနှစ် ၂ဝ၊ ၃ဝ ခံစားခဲ့ရတာ ကိုတော့ နှစ်ရက်၊ သုံးရက်လောက် နဲ့တော့ ပျောက်မှာမဟုတ်ဘူး။ အချိန် နည်းနည်းတော့ ပေးဖို့၊ စိတ်ရှည်ဖို့ တော့ လိုပါတယ်။ ဒီလူနာတွေကလဲ စိတ်ရှည်ကြပါတယ်''ဟု ယင်းကဆို သည်။

ပင်ကိုယ်အသားအရေအတိုင်း ပြန်လည်ဖြစ်စေရန်အတွက် တစ်လ မှ ခြောက်လအတွင်း အချိန်ကြာ မြင့်တတ်သော်လည်း ယင်းသို့ ခွဲ စိတ်ကုသပြီး ပိုမြန်လိုပါက တစ်လ ကျော်ခန့်တွင် လေဆာရောင်ခြည် ဖြင့် တွဲပစ်လိုက်လျှင် နှစ်လ၊ သုံးလ အတွင်း ပင်ကိုသဘာဝအတိုင်း အသားအရေကို ပြန်လည်ရရှိစေနိုင် မည်ဖြစ် ကြောင်း၊ အဆိုပါကုထုံးကို မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဆေးရုံတစ်ခု ဖြစ်သည့် KEMBANGAN UHC ဆေးရုံတွင် ကုသနိုင်မည်ဖြစ် ကြောင်း သိရသည်။

KTM - ဒီမိုကရေစီတူဒေး

မှတ်ချက်များ