ဂျာမနီရထားဝန်ထမ်းများ သပိတ်မှောက်နေ၍ ခရီးသည် သန်းပေါင်းများစွာ ထိခိုက်


ရထားမောင်းသူများ က အလုပ်မဆင်းဘဲ လစာတိုးမြှင့် ပေးရန် တောင်းဆိုခဲ့ပြီး အခွင့်အ ရေးများနှင့် ပတ်သက်၍ ညှိနှိုင်းနေကြသောကြောင့် မေလ ၂၀ ရက်က ဂျာမနီနိုင်ငံတွင် ခရီးသည်သန်းပေါင်းများစွာတို့သည် အချိန်ကြာမြင့်စွာ ကြန့်ကြာခဲ့ရသည်။

သေးငယ်သော်လည်း သြ ဇာတိက္ကမကြီးသော အလုပ်သ မားသမဂ္ဂ (GDL)က အဆုံးမဲ့ သပိတ်မှောက်မှုတွင် ခရီးသည်တင် ရထားလမ်းကြောင်းများပါ တိုးမြှင့်ထည့်သွင်းလိုက်ပြီးနောက် ပုံမှန်ပြေးဆွဲနေသည့် ရထားခရီးစဉ် ရာပေါင်းများစွာနှင့် ခရီးဝေးရထား ခရီးစဉ်သုံးခုအနက် နှစ်ခုကို ဖျက်သိမ်းခဲ့ရသည်။
ကုန်တင်ရထားများမှာ မေ လ ၁၉ ရက်က ရပ်တန့်ထားခဲ့ရ သည်။

ယင်း သပိတ်မှောက်မှုမှာ ရထားကုမ္ပဏီ Deutsche Bahn ကို ၁၀ လအတွင်း ကိုးကြိမ် မြောက် သပိတ်မှောက်မှုဖြစ်ပြီး ဂျာမနီစီးပွားရေးအတွက် တစ်နေ့ လျှင် ယူရိုငွေသန်း ၁၀၀ အထိ ထိ ခိုက်နိုင်သည်ဟု ယင်းကုမ္ပဏီက သတိပေးထားသည်။

အလုပ်သမား ဆက်ဆံရေး ညီညွတ်မှုရှိသည်ဟု သိရသော ဂျာမနီနိုင်ငံတွင် ယင်းကဲ့သို့ သ ပိတ်မှောက်မှုများကြောင့် နိုင်ငံ ရေးသမားများ၊ စီးပွားရေးလုပ် ငန်းများနှင့် အခြားသမဂ္ဂများကို စိုးရိမ်စေခဲ့သည်။
ယင်း သပိတ်မှောက်မှုကို အလုပ်ရှင်များအဖွဲ့ (BDA) နှင့် သမဂ္ဂ စုပေါင်းအဖွဲ့ (DGB) နှစ်ခု လုံးက ဝေဖန်ထားကြသည်။

သပိတ်မှောက်မှု မည်မျှထိ ရှည်ကြာမည်ဆိုသည်ကို (GDL) သမဂ္ဂက ပြောကြားခြင်းမရှိဘဲ Deutsche Bahn ကုမ္ပဏီ၏ (၂၁) နှစ်တာ သက်တမ်းအတွင်း အရှည်ကြာဆုံး ရင်ဆိုင်ခဲ့ရသည့် နောက်ဆုံးအကြိမ် သပိတ်မှောက် မှုထက် ပိုရှည်ကြာမည်ဟုသာ ပြောကြားထားသည်။

ယခုကဲ့သို့ ရထားမောင်းသူ များ၏ ၁၀ ရက်ကြာ သပိတ် မှောက်မှုကြောင့် ဂျာမနီနိုင်ငံ၏ စုစုပေါင်း ထုတ်ကုန်တန်ဖိုးကို ဒုတိယသုံးလတာအတွင်း သုည ဒသမ ၁ ရာခိုင်နှုန်း ထိခိုက်နိုင် သည်ဟု လေ့လာသူများက ပြော သည်။

အဖွဲ့ဝင် ၂၀,၀၀၀ ရှိသော (GDL) သမဂ္ဂက အဖွဲ့ဝင်များအတွက် လစာ ၅ ရာခိုင်နှုန်း တိုးမြှင့်ပေးရန်၊ သီတင်းတစ်ပတ် အလုပ်ချိန် လျှော့ချပေးရန်နှင့် Deut-che Bahn ကုမ္ပဏီမှ အခြား အလုပ်သမားများကို ကိုယ်စားပြု ခွင့်ပေးရန် တောင်းဆိုထားသည်။

7Day Daily

မှတ်ချက်များ