ဘရာဇီးမှာနေထိုင်တဲ့ ကာယဗလမောင်တစ်ဦးဟာ ရုပ်ရှင်ဇာတ်လမ်းထဲက လူသန်ကြီး Hulk လိုဖြစ်ချင်တာကြောင့် လက်မောင်ကြွက်သားကြီးအောင် အထောက်အကူဖြစ်စေတဲ့ ဆီနဲ့ အရက်တွေကို လက်မောင်ကြွက်သားထဲဆေးထိုးထည့်ခဲ့ပါတယ်။ ရိုမာရီယိုဒေါ့စ်ဆန်းတို့စ်လို့ ခေါ်တဲ့ အဆိုပါပုဂ္ဂိုလ်ဟာ သူ့လုပ်ရပ်ကြောင့် ကျန်းမာရေး စိုးရိမ်ခဲ့ရပြီး လက်မောင်းကြွက်သားတွေဟာလည်း ပုံပျက်ကာ ကြောက်စဖွယ်ပုံစံ ဖြစ်သွားခဲ့ရပါတယ်။
အပြင်းစားရောစပ်ထားတဲ့ ကော့တေးအရက်ကို သူ့ရဲ့လက်မောင်းကြွက်သားထဲ ထည့်ခဲ့တာ ဖြစ်ပါတယ်။ နောက်ဆက်တွဲအဖြစ် ကျန်းမာရေးထိခိုက်တဲ့ဒဏ်ကိုသူဆိုးရွားစွာ ခံစားခဲ့ရပါတယ်။ မှားယွင်းခဲ့တဲ့ သူ့ရဲ့လုပ်ဆောင်ပုံကြောင်း အသက်အန္တာရာယ်ကိုပါ စိုးရိမ်ခဲ့ရပါတယ်။ ပုံမကျပဲ ကြီးထွားလာတဲ့ သူ့ရဲ့ကြွက်သားတွေကြောင့် သူနေထိုင်ရာမြို့မှာ ကလေးငယ်တွေကို သူ့ကို မိစ္ဆာကြီးလို့ ခေါ်နေကြပါတယ်။
အားကစားရုံကို အလေးမဖို့ သွားတဲ့အခါ ကြွက်သားအလွန်ကြီးတဲ့သူတွေကိုတွေ့ပြီး အားကျမိခဲ့ရာကနေ ဒီလိုလက်မောင်းထဲ ဆီထည့်ပြီး ကြွက်သားကြီးအောင်လုပ်တဲ့ နည်းလမ်းကို အသုံးပြုမိခဲ့တာဖြစ်တယ်လို့ ရိုမာရီယိုဒို့စ်ဆန်းတို့စ်က ပြောပါတယ်။ သူ့ဇနီးဖြစ်သူကတော့ ဒီနည်းလမ်းကို နောက်တစ်ခါထပ်လုပ်ရင် သူ့ကိုထားပစ်ခဲ့မယ်လို့ ခြိမ်းခြောက်ထားတာကြောင့် သူ့အနေနဲ့လည်း ဒါမျိုးထပ်မလုပ်တော့ဘူးလို့ ဆန်းတို့စ်ကပြောပါတယ်။
Planet Myanmar

မှတ်ချက်များ