အသံပြွန်မှာ သွေးထွက်နေတဲ့အတွက် ဖျော်ဖြေပွဲ ခရီးစဉ်တစ်ချို့ ဖျက်သိမ်းလိုက်ရတဲ့ Sam Smith
ဗြိတိန် အဆိုတော် Sam Smith ဟာ အသံပြွန်မှာ သွေးထွက်နေတဲ့ ဝေဒနာကို ခံစားရပြီးတဲ့နောက် သူ့ရဲ့ သြစတြေးလျ ဖျော်ဖြေပွဲ ခရီးစဉ် တစ်ချို့ကို ဖျက်သိမ်းလိုက်ပါတယ်။
ထိုသတင်းကို Sam Smith က သူ့ရဲ့ Instagram ကတစ်ဆင့် ကြေညာခဲ့ပြီး ဆရာဝန်တွေက သူ့ကို သီချင်းဆိုတာ ရပ်ပြီး အသံကို အနားပေးဖို့ ညွှန်ကြားထားတယ်လို့ သူက ဆိုပါတယ်။
အသံပြွန်က သွေးထွက်တယ်ဆိုတာဟာ အသံပြွန်ထဲမှာရှိတဲ့ သွေးကြောတစ်ခုဟာ ပေါက်ထွက်သွားခဲ့တဲ့ အတွက်ဖြစ်ပြီး အဆိုတော် အများစု အတွက်တော့ သာမာန် ဖျားနာမှု ကနေ စတင် ဖြစ်ပွားလေ့ရှိတဲ့ ရောဂါပဲဖြစ်ပါတယ်။ ထိုရောဂါကို ကုသမှု မခံယူပါက တစ်သက်လုံးစာအတွက် အသံ အနေအထားတွေ ပြောင်းလဲ သွားနိုင်ပါတယ်။ အနားယူတာဟာ အကောင်းဆုံး ကုသမှုပဲ ဖြစ်ပါတယ်။
Sam Smith ဟာ ဖျော်ဖြေမှု ၄ ခုစာ ကို ရပ်နားခဲ့ရပြီး သြစတြေးလျမှာ ပြုလုပ်မယ့် Country’s Logie Awards ပွဲတော်ကိုလည်း တက်ရောက်ဖို့ လွဲချော်တော့မှာ ဖြစ်ပါတယ်။
Mario - Trend Myanmar

မှတ်ချက်များ