Snow Factory ရဲ့ဒုတိယမြောက် ဆူးလေဆိုင်ခွဲ ဖွင့်လှစ်ခဲ့
Snow Factory ရဲ့ ဒုတိယမြောက် ဆိုင်သစ်ဖွင့်ပွဲ အခမ်းအနားကို ဆိုင်တည်ရှိရာ ဆူးလေဘုရားအနီး အမှတ် G – 15 / 16 ၊ မြေညီထပ်၊ မဟာဗန္ဓုလလမ်းမှာ နေ့လည် ၁၂ နာရီ က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ ယင်းဆိုင် ရဲ့ပိုင်ရှင် Mr. Cho ဟာ ဆိုရင်ဖြင့် ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာ အီတလီ စားသောက်ဆိုင်ကို ဖွင့်လှစ်ထားတာ ၁၀နှစ်ကျော်ပြီလို့ သိရပါတယ်။
သူဟာ မြန်မာနိုင်ငံကို ဘာသာရေးနဲ့ပတ်သက်တဲ့ အလုပ်တစ်ခုလုပ်ဖို့ရောက်ရှိလာတာဖြစ်ပြီး တစ်ချိန်တည်းမှာ စီးပွားရေးနဲ့ပတ်သက်တာတွေကိုလဲ လေ့လာဖြစ်ခဲ့ပါတယ်တဲ့။ လေ့လာပြီးနောက်ပိုင်းမှာ Snow Factory ဆိုင်ကို ၂၀၁၄ သြဂုတ်လ ၁၈ရက် နေ့က ပုလဲကွန်ဒိုမှာ ပထမဦးဆုံးဆိုင်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပါတယ်။ နောက်ထပ် ဆိုင်တစ်ဆိုင်အနေနဲ့ WTC ကိုတော့ ၂၀၁၄ ဒီဇင်ဘာ ၂၃ရက်နေ့မှာ ပုလဲကွန်ဒိုမှာပဲ ဖွင့်လှစ်ခဲ့ပါတယ်။ အခုဒီဆူးလေမှာ ဖွင့်လှစ်ခဲ့တဲ့ ဆိုင်ဟာဆိုရင် ဖြင့် တတိယမြောက်ဆိုင်လို့ပြောလို့ရသလို ဒုတိယမြောက်ဆိုင်လို့လဲပြောလို့ရပါတယ်။
ဆိုင်ရဲ့ Decoration ပိုင်းနဲ့ပတ်သက်ပြီး သူ့ရဲ့စိတ်ကူးစိတ်သန်းနဲ့အစအဆုံးပြုလုပ်ခဲ့တာဖြစ်ပြီး စားသုံးသူတွေ စိတ်ကျေနပ်မှုရှိအောင် အမြဲကြိုးစားနေတယ်လို့လည်း သူက ပြောပြသွားပါတယ်။ Snow Factory ဆိုင်ကို ကိုယ်တိုင်ဖွင့်ချင်တဲ့သူတွေ အတွက်လဲ ဒီကနေ အစအဆုံး စီစဉ်ပေးပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်က မြန်မာနိုင်ငံမှာ Snow Factory တွေ၊ WTC ဆိုင်တွေ ဖွင့်ပြီးတော့ ဒီ့ထက်ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေဖို့ရည်ရွယ်ထားပါတယ်။ Snow Factory ဆိုင်ရဲ့ ဆန်းပြားတဲ့ အစားအစာတွေအနေနဲ့Coconut ၊ Mix Fruit ၊ Mango ၊ Papaya ၊ Green Tea ၊ Milk red bean ၊ Melon၊ Strawberry နဲ့ Chocolate အပြင် အခြားသော ကောင်းမွန်တဲ့ အစားအသောက်တွေကိုလဲ Sule Snow Factory မှာ ရရှိနိုင်မှာ ဖြစ်ပါတယ်။
ခင်ဆွေသက် - Trend Myanmar

မှတ်ချက်များ