ရည်းစားဟောင်းနဲ့ နောက်ဆုံးဓါတ်ပုံတွဲရိုက်ခဲ့တဲ့ Vampire Diaries မင်းသမီး


၂၀၀၉ စက်တင်ဘာမှာ စတင်ပြသခဲ့တဲ့ Vampire Diaries ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး နီနာဒိုဘရီဗာဟာ ဒီဇာတ်လမ်းတွဲ မပြီးဆုံးခင်ဘဲ ရိုက်ကူးမှုကနေ နုတ်ထွက်တော့မယ်လို့ ကြေညာခဲ့ပြီး ဖြစ်ပါ တယ်။ ဘူဂေးရီးယန်းနဲ့ ကနေဒီယန် မင်းသမီး ဒိုဘရီဗာဟာ Vampire Diaries ဇာတ်လမ်းတွဲ ရိုက်ကူးရင်း အတူပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား အီယန်ဆမ်မာဟယ်ဒါနဲ့ သုံးနှစ်တာလောက် ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။

ဒါပေမယ့် ခုချိန်မှာတော့ သူတို့နှစ်ဦး လမ်းခွဲလိုက်ကြပြီး သူငယ်ချင်းတွေအဖြစ် ဆက်လက်ဖြတ်သန်းနေကြပါ တယ်။ မင်းသမီး နီနာဟာ သူမရဲ့ပရိသတ်တွေကို နူတ်ဆက်တဲ့အနေနဲ့ မင်းသားအီယန်နဲ့ နောက်ဆုံးရိုက်ကွင်း မှာ အတူပျော်ရွှင်စွာနေပုံကို သူမရဲ့ တွစ်တာအကောင့်မှာ ဖော်ပြခဲ့ပါတယ်။ Season 6 အထိ ရောက်ရှိနေပြီဖြစ် တဲ့ Vampire Diaries ဇာတ်လမ်းတွဲမှာ မင်းသားနီနာဟာ သွေးစုပ်ဖုတ်ကောင် ညီအစ်ကိုနှစ်ယောက်ကို တပြိုင်နက်တည်း ချစ်ကြိုက်မိတဲ့ ကောင်မလေးတစ်ယောက်အဖြစ် ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်နေရာက သရုပ် ဆောင်ခဲ့ရာမှာ ပရိသတ်ရဲ့အားပေးမှုကိုလည်း လက်ခံရရှိခဲ့ပါတယ်။

ဒီဇာတ်လမ်းတွဲ မပြီးခင်မှာ မင်းသမီးနီနာ နုတ်ထွက်တော့မယ့် ကိစ္စအတွက် ပရိသတ်တွေက သိပ်သဘောမကျကြပဲ သူမ မပါတဲ့ လာမယ့်ဇာတ်လမ်းတွဲ တွေလို အရင်ကလို ဆွဲဆောင်မှု ရှိပါ့မလားဆိုတာ သံသယ၀င်နေကြပါတယ်။ Vampier Diaries ဇာတ်လမ်းတွဲမှာ ညီအငယ် သွေးစုပ်ဖုတ်ကောင် ဒေမွန်အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသား အီယန်ဟာ မင်းသမီးနီနာနဲ့ လမ်းခွဲပြီးတဲ့နောက် Twilight ဇာတ်ကားထဲက မင်းသမီး နစ်ကီရိဒ်နဲ့ ဆက်လက်တွဲခုတ်နေပြီး မင်းသမီးနီနာကလည်း တစ်ကိုယ်တော်ဘ၀နဲ့ ပြန်လည်ဖြတ်သန်းဆဲ ဖြစ်ပါတယ်။

Planet Myanmar

မှတ်ချက်များ