မီးလောင်မှု အန္တရာယ် စိုးရိမ်ရမှုတွေကြောင့် Beats Speaker တွေကို Apple မှ ပြန်ရုပ်သိမ်း


ဘက်ထရီ အပူလွန်ပြီး မီးလောင်မှု အန္တရာယ်စိုးရိမ်ရမှုအကြောင်း သိရှိပြီးနောက် Apple က သူ့ရဲ့ နာမည်ကြီး Beats Speaker တွေ ပြန်လည်သိမ်းယူသွားမှာ ဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ အတိအကျပြောရရင်တော့

ဘက်ထရီအပူလွန်ပြီး မီးလောင်မှုအန္တရာယ်တွေဖြစ်ပေါ်စေကြောင်း သိရှိပြီးနောက် ယင်း Beats Pill XL စပစ်ကာ ဝယ်ယူထားသူတွေကို ပစ္စည်းပြန်အပ်ပြီး ပြန်အမ်းငွေ လက်ခံရယူဖို့ အသိပေးထားပါတယ်။

ဒီပြန်လည် ရုပ်သိမ်းမှု လုပ်ရာမှာ တခြား Beats သို့မဟုတ် Apple ထုတ်ကုန်တွေ ပါဝင်မှာ မဟုတ်ပါဘူး။

၂၀၁၃ နိုဝင်ဘာလက ထုတ်လုပ်ရောင်းချခဲ့တဲ့ အဆိုပါspeaker ကို speakerကွန်ရက်သံပန်းပေါ်ကBeat “b” အမှတ်အသား တံဆိပ်နဲ့သော်လည်းကောင်း လက်ကိုင်ပေါ်က ‘beats pill XL’ စာလုံးနဲ့သော်လည်းကောင်း ခွဲခြားသိနိုင်မှာဖြစ်ပါတယ်။ အနက်ရောင်၊ ခဲရောင်၊ ပန်းရောင်၊ မီးခိုးရောင်နဲ့ အဖြူရောင် တို့နဲ့ရောင်းချခဲ့တာဖြစ်ပါတယ်။

ဝယ်သူသုံးစွဲသူတွေရဲ့ ဘေးကင်းလုံခြုံရေးဟာ ကုမ္ပဏီရဲ့ အဓိက ဦးစားပေးမှတ်ချက်ဖြစ်လို့ Appleအနေနဲ့ customer တွေကို သူတို့ရဲ့ Beats Pill XL speaker မသုံးစွဲတော့ဖို့ တောင်းဆိုနေတာပါလို့ ကြေငြာချက်တစ်ခုမှာ Apple ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။

Beats Pill XL ဝယ်ယူသူဖောက်သည်တွေအနေနဲ့ ပစ္စည်းကို Apple ကုမ္ပဏီထံပြန်အပ်ရမလဲ၊Apple Store credit သို့မဟုတ် $125 အီလက်ထရွန်းနစ်ငွေပေးချေ စနစ်ကို ဘယ်လို ပြန်လက်ခံရယူမလဲ ဆိုတာ အသေးစိတ် အချက်အလက်တွေအတွက် Apple ဝက်ဆိုက်ကို ဝင်ကြည့်ရမှာဖြစ်ပါတယ်။

Customer တစ်ယောက် လက်ချောင်းမီးလောင်ခံရမှု၊ နောက် customer တစ်ယောက်ရဲ့ စားပွဲပျက်စီးမှု အပါအဝင် speaker အပူလွန်ကဲမှုဖြစ်ပွားတဲ့ သတင်းပေးမှု ၈ ခု Apple လက်ခံရရှိခဲ့တယ်လို့US Customer Product Safety Commission က ထုတ်ပြန်ချက်တစ်ခုမှာ ပြောဆိုခဲ့ပါတယ်။

ပေါ်ထွန်း - Trend Myanmar

မှတ်ချက်များ