အလုပ်သမား အလုပ်အ ကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အနေဖြင့် မိမိတို့ မပေးနိုင်သည့်နှုန်းထားအား အနိမ့် ဆုံးလုပ်ခလစာအဖြစ် သတ်မှတ်ပါက စက် ရုံများပိတ်သိမ်းသွားမည်ဟု အထည်ချုပ်လုပ် ငန်းရှင်များက သတိပေး တင်ပြလိုက်သည်။
ဇွန် ၃ ရက်က မြန်မာနိုင်ငံအ ထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ လုပ်ငန်း ရှင်များက ဝန်ကြီးဌာနသို့ လာရောက်၍ ဝန် ကြီးဌာနအနေဖြင့် ယင်းတို့ မလိုက်လျောနိုင် သည့် ကိန်းဂဏန်းတစ်ခု သတ်မှတ်လိုက်ပါ က စက်ရုံပိတ်သိမ်းသွားမည်ဟု လာရောက် အသိပေးတင်ပြထားကြောင်း ဇွန် ၄ ရက် တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ အနည်းဆုံး အခကြေးငွေ သတ်မှတ်ပေးရေးအတွက် ဆောင်ရွက်ထား ရှိမှု အခြေအနေအပေါ် အလုပ်သမား၊ အ လုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက ရှင်း လင်းတင်ပြခဲ့သည်။
ဒေါ်ဝင်းမော်ထွန်းက ''မနေ့က အထည်ချုပ်လုပ်ငန်းရှင်များအဖွဲ့ချုပ်က လုပ် ငန်းရှင်အားလုံးလာပြီး ဆွေးနွေးမှုတစ်ခု လုပ် ခဲ့ပါတယ်။ ကိန်းဂဏန်းတစ်ခု သတ်မှတ်လိုက် လို့ သူတို့မလိုက်လျောနိုင်ခဲ့ရင် စက်ရုံပိတ် သိမ်းမယ်လို့ အဓိက ဆွေးနွေးကြပါတယ်။ ဒါကြောင့် နိုင်ငံတော်က ဘာတွေဖြေလျှော့ ပေးမလဲ၊ ဒါမှမဟုတ်ရင် စက်ရုံပိတ်သိမ်းမယ် ဆိုပြီး ဆွေးနွေးကြပါတယ်''ဟု ပြောသည်။
စစ်တမ်းကောက်ယူမှုများအရ ပြည်ပမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံသော အ ထည်ချုပ်လုပ်ငန်းရှင်များအနေဖြင့် တစ်ရက် ရှစ်နာရီ အနည်းဆုံး အခကြေးငွေ ကျပ် ၃ဝဝဝ မှ ကျပ် ၄ဝဝဝ အထိပေးနိုင်သော် လည်း ပြည်ပလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ် နှံမှုအား တစ်ဆင့်ခံလုပ်ကိုင်သည့် ပြည်တွင်း အထည်ချုပ် လုပ်ငန်းရှင်များအနေဖြင့် တစ် ရက်လျှင် ကျပ် ၁၅ဝဝ သာ ပေးနိုင်ကြောင်း အဆိုပြုထားကြောင်း ဒေါ်ဝင်းမော်ထွန်းက ပြောသည်။
မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂ များအဖွဲ့ချုပ် ဦးအောင်လင်းက ''အခုအချိန် ကတော့ စောင့်ကြည့်ရမှာပါ။ ဒီအပေါ်မှာ သဘောထားမှတ်ချက်တွေ ပေးတာ စော လွန်းတယ်လို့ ထင်ပါတယ်။ ဒီအချိန်မှာ သ ဘောထား မှတ်ချက်တွေပေးမယ်ဆိုရင် သတ် မှတ်ပေးမယ့် အမျိုးသားအဆင့်ကော်မတီ ကို ဖိအားပေးတာပါပဲ။ ကျွန်တော်တို့ အလုပ် သမားတွေတောင် အခုအချိန်မှာ ဖိအားပေး မှုတွေ သိပ်မလုပ်တာ။ လုပ်ငန်းရှင်တွေဘက် က ဖိအားပေးမှုတွေ လုပ်တယ်ဆိုတော့ စိတ် ပျက်မိပါတယ်''ဟု ပြောသည်။
မြန်မာနိုင်ငံတွင် အနိမ့်ဆုံး လုပ် ခလစာသတ်မှတ်ရန် အရေးပေါ် လိုအပ် နေပြီဟု အလုပ်ရှင်အလုပ်သမားများအကြား လက်ခံထားသည့်အတွက် လုပ်ခလစာ သတ် မှတ်ရေး ဆွေးနွေးပွဲများ ဆက်တိုက်ဆိုသလို လုပ်ဆောင်ခဲ့သော်လည်း အလုပ်ရှင်များ ပေးနိုင်သည့် နှုန်းထားနှင့် အလုပ်သမားများ ရသင့်သည်ဟုဆိုသော နှုန်းထားမှာ ညှိနှိုင်း ရန် ခက်ခဲနေဆဲဖြစ်ကြောင်း အမည်မဖော် လိုသူ စက်မှုဇုန်ဥက္ကဋ္ဌတစ်ဦးက ပြောသည်။
စိုးမြင့်နိုင် - Yangon Media Group

မှတ်ချက်များ