မိမိဘဝနေထိုင်မှုကို ပြောင်းလဲပေးမယ့် မီးဖိုချောင်သုံး ပစ္စည်းများ


မီးဖိုကို နေရာလည်း မစားစေချင်ဘူး၊ ချက်ရပြုတ်ရတဲ့ အချိန်ကိုလည်း သက်သာစေချင်ရင် နှစ်ကန့်ကန့်ထားတဲ့ လက်ကိုင်ဒယ်အိုးကို သတိရပါ။

တစ်ခြမ်းမှာ အရွက်ပဲကြော်ကြော်၊ နောက်တစ်ဖက်ခြမ်းမှာ ကြက်ဥပဲဖြစ်ဖြစ် ကြော်တာ ဘယ်တော့မှာ ရောသွားစရာကြောင်း မရှိတဲ့ ချက်ပြုတ်နည်းပဲဖြစ်ပါတယ်။ ချက်ပြုတ်ချက်ရသက်သာစေတဲ့အပြင် ဆေးရကြောရတာလည်း ထက်ဝက်သက်သာစေပါတယ်။

အသုပ်သုပ်ဖို့ ရှောက်သီး၊ သံပုရာလိုဟာမျိုးအတွက်ဆိုရင် အဆင်သင့်လုပ်ပေးထားတဲ့ ပိုက်နှုတ်သီးချွန်၊ ပြွန်နှုတ်သီးကိရိယာ အသေးစားကို ရှောက်သီး သို့မဟုတ် သံပုရာသီးထဲ ထိုးထည့်ပြီး ဖျန်းလိုက်ရုံလေးပဲဖြစ်တယ်။ အရည်ရွန်းအောင် အရင်နှိပ်နယ်ပေးနေစရာလည်း မလိုအပ်ပါဘူး။

ဒါတွေက သင့်ဘဝနေထိုင်မှုကို ပြောင်းလဲစေမယ့် အိမ်၊ မီးဖိုချောင်သုံး ပစ္စည်းတွေထဲက အချို့သာ ရှိပါသေးတယ်။ အသေးစိတ်ကို http://www.soshiok.com/content/genius-kitchen-gadgets-will-change-your-life မှာ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါတယ်။

ပေါ်ထွန်း - Trend Myanmar

မှတ်ချက်များ