ဖေဖေဘက်ခမ်းဆီက ဘောလုံးပညာတွေ သင်ယူနေတဲ့ သမီးဟာပါဘက်ခမ်း
အသက်အား ဖြင့် သုံးနှစ်ခွဲကျော်သာရှိသေးသော ဟာပါဆဲဗန်းဘက်ခမ်းသည် ဘောလုံးလောက၏ စူပါစတား၎င်း၏ဖခင် ဒေးဗစ်ဘက်ခမ်း၏ ခြေရာကို နင်းနေပြီဖြစ်သည်။
ဒေးဗစ်ဘက်ခမ်းက ဘောလုံးကစားနေသော သမီးလေးဟာပါ၏ဓာတ်ပုံတစ်ပုံကို ဇွန်လ၅ ရက်တွင် Instagram စာမျက်နှာ၌ ဖော်ပြခဲ့သည်။ ယင်းဓာတ်ပုံထဲတွင် ဟာပါဘက်ခမ်းက ဂိုးပေါက်ဘက် သို့မျက်နှာမူထားပြီး ဘောလုံးကန်ရန်ဟန်ပြင်နေကြောင်းတွေ့ရသည်။
‘‘မီယာဟမ်း ခင်ဗျားတော့ စိတ်ညစ်ပြီ။ ဟာပါဆဲဗန်းက သူ့ အစ်ကိုတွေနဲ့ သူ့အဖေဆီကနေ ဘောလုံးအားကစားပညာတွေ သင်နေပြီ’’ဟု ဒေးဗစ်ဘက်ခမ်းက ပုံစာရေးခဲ့သည်။ (မီယာဟမ်းမှာ အမေရိကန်နာမည်ကျော် အမျိုး သမီးဘောလုံးကစားသမားဖြစ် သည်။) ဟာပါဘက်ခမ်းသည် အစ်ကိုသုံးဦးနှင့်အတူ ဘောလုံးကစားနေဟန်ရှိသည်။
ဟာပါ၏မိခင် ဗစ်တိုးရီး ယားဘက်ခမ်းက သမီးကဘောလုံးကိုချစ်မြတ်နိုးသည်ဟု People မဂ္ဂဇင်းအား အစောပိုင်းအင်တာဗျူးတစ်ခု၌ပြောကြားခဲ့သည်။ ‘‘ဟာပါက မိန်းကလေးဆန်သလို ယောက်ျား လေးလည်းဆန်တယ်’’ဟု မိခင်ဖြစ်သူ ဗစ်တိုးရီးယားက ချစ်ခင်နှစ်သက်စွာပြောသည်။
ဒေးဗစ်ဘက်ခမ်းသည် လက်ရှိတွင် သမီးဖြစ်သူဟာပါနှင့် အလုပ်များနေဟန်ရှိသည်။ ပြီးခဲ့ သည့်သီတင်းပတ်ကလည်း ဘက် ခမ်းကိုယ်တိုင် သမီးဖြစ်သူကို စက်ဘီးစီးသင်ပေးနေကြောင်း မှတ်တမ်းတင်ထားသောဓာတ်ပုံ ကို ဘက်ခမ်း၏ Instagram စာမျက်နှာ၌တွေ့ရသည်။
7 Day Daily


မှတ်ချက်များ