မြန်မာအစိုးရ ဒလိုင်းလားမား၏ ဗီဇာလျှောက်ထားမှု လက်ခံ


ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံ ခရီးစဉ်နှင့် တိုက်ဆိုင်စွာ မြန်မာအစိုးရက နှစ်ပေါင်းများစွာ ပြည်ဝင်ခွင့် ငြင်းပယ်ထားသော ဒလိုင်းလားမား ဘုန်းတော်ကြီး၏ ဗီဇာ လျှောက်ထားမှုကို လက်ခံလိုက်ကြောင်း သိရသည်။
-
ဒလိုင်းလားမာ၏ အဝေးရောက် တိဘက်အစိုးရအဖွဲ့၏ နိုင်ငံခြားရေး တာဝန်ခံဖြစ်သူ ဘုန်းတော်ကြီး Asat Binntaine ၏ ပြောကြားချက်ကို ကိုးကား၍ အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ် ထုတ် သတင်းစာ The Andelkaungkha Post သတင်းစာက ဖော်ပြလိုက်သည်။
-
“ အိန္ဒိယမှာ ရှိတဲ့ မြန်မာသံရုံးကနေ ကိုယ်တော်ကြီးရဲ့ ဗီဇာလျှောက်ထားမှုကို လက်ခံလိုက်ပါတယ်ဆိုပြီး အကြောင်းကြားလာတာပါ။ နောက်ဆုံးအကြိမ် လျှောက်ထား ပြီးတည်းက ကိုယ်တော်ကြီးအနေနဲ့ မြန်မာဗီဇာ ထပ်မံလျှောက်ထားခြင်းမရှိခဲ့ပါဘူး၊ အခု သံရုံးက လာအကြောင်းကြားတာဖြစ်ပါတယ်၊ ကိုယ်တော်ကြီးအနေနဲ့ ဝမ်းမြောက်ဝမ်း သာ ဖြစ်နေပြီး မြန်မာနိုင်ငံကို ကြွဖို့ ပြင်ဆင်နေပါတယ်’’ ဘုန်းတော်ကြီး Asat Binntainne က မိန့်ကြားခဲ့သည်။
-
“ ဗီဇာကို ခွင့်ပြုလိုက်ပါလို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက အကြောင်းကြား လာတာဖြစ်ပါတယ်၊ ဗီဇာရည်ရွယ်ချက်ထဲမှာ ရွှေတိဂုံဘုရားကြီးကို ဖူးမျှော်ဖို့လို့ပဲ အလည်အပတ်ခရီးစဉ်အနေနဲ့ လျှောက်ထားတာဖြစ်ပါတယ်၊” ဟု မြန်မာသံရုံးတာဝန်ခံ ဦးစိုးဌေး က ပြောကြားသည်။
နိုင်ငံတော်သမ္မတ အပါအဝင် ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံမည်လော ဆိုသည့် မေးခွန်းကိုမူ ဖြေကြားရန် ငြင်းဆိုခဲ့သည်။
-
“ ဒါက သမ္မတရုံးနဲ့ ဆိုင်တဲ့ကိစ္စဖြစ်လို့ ကျွန်တော်တို့အနေနဲ့ ဖြေကြားခွင့် မရှိပါဘူး၊ နေပြည်တော်ကို သွားရောက်မယ်ဆိုတာကိုတော့ ပြောနိုင်ပါယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
နယူးဒေလီ နိုင်ငံရေး သိပ္ပံမှ သုတေတီ တစ်ဦးဖြစ်သူ Dr. Achanae Mon က “ တရုတ်အစိုးရအနေနဲ့ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး အိုင်ကွန် ဒေါ်အောင်ဆန်းစုကြည် ကို ဖိတ်ခေါ်ခဲ့တာ ထူးခြားတယ်၊ မြန်မာအစိုးရဟာ ဒလိုင်းလားမားကို ပြည်ဝင်ခွင့်ပေးပြီး သံတမန်ရေးအရ လက်တုံ့ပြန်တာ ဖြစ်နိုင်ပါတယ်” ဟု ပြောဆိုလိုက်သည်။
-
ဒီမိုကရေစီအရေး လူ့အခွင့်အရေးတို့နှင့် ပတ်သက်လျှင် လုံးဝ အထိမခံသော တရုတ်နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံ့ခေါင်းဆောင်တစ်ဦးကဲ့သို့ ဖိတ်ခေါ် လိုက်ခြင်းသည် အနောက်နှင့် နီးကပ်လာသော လက်ရှိ မြန်မာအစိုးရ ခေါင်းဆောင်ပိုင်း အပေါ် တရုတ်အစိုးရ၏ စိတ်ပျက်မှုကို ဖော်ပြလိုက်ခြင်းပင်ဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
-
မြန်မာနိုင်ငံအစိုးရသည်အမေရိကန်အပါအဝင် အနောက်နိုင်ငံများနှင့် ဆက်ဆံ ရေး တိုးမြှင့်နေသည့် ကိစ္စကို တရုတ်အစိုးရအနေနှင့် စိတ်အနှောင့်အယှက်ဖြစ်နေပုံရပြီး တရုတ်ပြည်၏ အကျိုးစီးပွားနှင့် ပတ်သက်၍ အာမခံချက်ပေးနိုင်မည့် မြန်မာအစိုးရ အသစ်ကို မျှော်လင့် နေသည်ဟု ပီကင်းတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးဌာနမှ Dr. Ka Phue Quo က သုံးသပ် ပြောကြားသည်။
-
“ မြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းတာက တရုတ်အစိုးရအတွက် အချက်ပေး ခေါင်း လောင်းဖြစ်ခဲ့ပါတယ်။ လက်ပတောင်း၊ ကိုးကန့် ကိစ္စတွေကလဲ တရုတ်အစိုးရကို စိတ်ပျက် စေပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
-
ဒလိုင်းလားမား၏ မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ မြန်မာအစိုးရအနေနှင့် တစုံတရာ မထုတ်ပြန်သေးသော်လည်း အရပ်ဘက်လူ့အဖွဲ့အစည်းများ စုပေါင်း၍ ဘုန်းတော်ကြီး မိန့်ခွန်းပြောကြားရန် စီစဉ်ဆောင်ရွက်နေသည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

ကိုဘမှန် - April Maung Maung

မှတ်ချက်များ