ကျင်းပလျက်ရှိသည့် ယူ-၂၃ အမျိုးသားဘောလုံးပြိုင်ပွဲတွင် မြန် မာယူ-၂၃ အသင်းသည် အုပ်စု(က) တွင် အုပ်စုပထမရရှိပြီး ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့ကာ ဇွန် ၁၃ ရက် နေလည့် ၁ နာရီခွဲတွင် အုပ်စု(ခ)မှ ဒုတိယရရှိသည့် ဗီယက်နမ်အသင်း နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
မြန်မာအသင်းသည် ဆီမီးဖိုင် နယ်အဆင့်ကို ရှုံးပွဲမရှိစံချိန်ဖြင့် တက် ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး အုပ်စုပွဲစဉ် များတွင် အင်ဒိုနီးရှားအသင်းကို (၄- ၂)၊ စင်ကာပူအသင်းကို (၂-၁)၊ ဖိလစ် ပိုင်အသင်းကို (၅-၁)၊ အုပ်စုနောက် ဆုံးပွဲစဉ်ဖြစ်သည့် ကမ္ဘောဒီးယားနှင့် ပွဲစဉ်တွင် (၃-၁) ဖြင့် ရှုံးနိမ့်နေခဲ့သော် လည်း ဒုတိယပိုင်းတွင် လူစားလဲမှု များပြုလုပ်ကာ ကမ္ဘောဒီးယားအသင်း ကို ပွဲအပြီးတွင် (၃-၃)ဖြင့် သရေရလဒ် ထွက်ပေါ်အောင် စွမ်းဆောင်နိုင်ခဲ့ သည့် အသင်းဖြစ်သည်။
မြန်မာယူ-၂၃ အသင်းသည် မေလတတိယပတ်တွင် ဗီယက်နမ် ယူ-၂၃ အသင်းနှင့် ခြေစမ်းပွဲကစား ခဲ့ပြီး ယင်းခြေစမ်းပွဲတွင် ဂိုး-ကျော် ဇင်ဖြိုး၊ နောက်တန်း-ဝင်းဇင်ဦး၊ ဖြိုး ကိုကိုသိန်း၊ ရဲဝင်းအောင်၊ ဟိန်းသီ ဟဇော်၊ အလယ်တန်း-လှိုင်းဘိုဘို၊ သီဟဇော်၊ စည်သူအောင်၊ နေလင်း ထွန်း၊ ရှေ့တန်း-ကောင်းဆက်နိုင်၊ ရှိုင်းသူရတို့ပါဝင်ကစားခဲ့ပြီး ၂-၂ ဂိုး ဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့သည်။
မြန်မာယူ-၂၃ အသင်းသည် ၂၀၁၁ ခုနှစ် အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် (၂၆)ကြိမ်မြောက် ဆီး ဂိမ်းတွင် ဆီမီးဖိုင်နယ်တွင် မလေးရှား အသင်းကိုရှုံးနိမ့်ကာ ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့ရသော်လည်း တတိယနေ ရာလုပွဲတွင် ဗီယက်နမ်ယူ-၂၃ အ သင်းကို ဂိုးပြတ်အနိုင်ရရှိကာ တတိ ယကြေးတံဆိပ်ရရှိခဲ့သည့် အသင်း ဖြစ်သည်။
မြန်မာအသင်းသည် ကျင်းပ လျက်ရှိသည့် ဆီးဂိမ်းပြိုင်ပွဲတစ် လျှောက်တွင် ချန်ပီယံငါးကြိမ်ဖြစ်ခဲ့ ပြီး ၁၉၇ရ ခုနှစ်နောက်ပိုင်းတွင် ဗိုလ် စွဲနိုင်ခြင်းမရှိဘဲ ၁၉၆၁ ခုနှစ်တွင် ဗိုလ် လုပွဲတစ်ကြိမ်၊ ၁၉၉၃ ခုနှစ်တွင် ဗိုလ် လုပွဲတစ်ကြိမ်၊ ၂၀၀ရ ခုနှစ်တွင် ဗိုလ် လုပွဲတစ်ကြိမ် တက်ရောက်နိုင်ခဲ့ သည်။ ကျင်းပလျက်ရှိသည့် (၂၈) ကြိမ် မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာ ယူ-၂၃ အသင်း ဆီမီးဖိုင်နယ်အဆင့် ကိုကျော်ဖြတ်ပြီး ဗိုလ်လုပွဲတွင် ဗိုလ် စွဲနိုင်ပါက နှစ်ပေါင်း ၃၈ နှစ်အတွင်း ရွှေတံဆိပ် ပြန်လည်ဆွတ်ခူးနိုင်သည့် အသင်းအဖြစ် မှတ်တမ်းဝင်မည်ဖြစ် သည်။
(၂၈)ကြိမ်မြောက် ဆီးဂိမ်းဗိုလ် လုပွဲနှင့် တတိယနေရာလုပွဲကို ဇွန် ၁၅ ရက်တွင် ကစားရမည်ဖြစ်ပြီး တ တိယနေရာလုပွဲကို နေ့လည် ၁ နာရီ ခွဲတွင် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဗိုလ်လု ပွဲကို ညနေ ၇ နာရီတွင် ကစားမည် ဖြစ်သည်။
NTL - Democracytoday

မှတ်ချက်များ